ဘီးလင်းမြို့ရှိ ရွှေသံလွင်တိုးဂိတ်ဟောင်းနေရာ၌ PDF အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိ
PUBLISHED - July 18, 2023
နေပြည်တော်၊ ဇူလိုင် ၁၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ရွှေသံလွင်တိုးဂိတ်ဟောင်းနေရာ၌ PDF အဖွဲ့ဝင် ၃ ဦးကို ဇူလိုင်လ ၁၇ ရက် မွန်းလွဲ ၂ နာရီကျော်အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့၏ အရှေ့တောင် ၄ မိုင်ခန့်အကွာရှိ ရွှေသံလွင်တိုးဂိတ်ဟောင်းနေရာ၌ လုံခြုံရေးပူးပေါင်းအဖွဲ့ဝင် များသည် ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ် သထုံမြို့ဖက်မှ ဘီးလင်းမြို့ဖက်သို့ ဘီးလင်းမြို့ တောင်စွန်းကျေး ရွာနေသူ စက်ပိုင်စိုး ၂၀ နှစ် မောင်းနှင်ပြီး ၎င်းနောက်တွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းနေ ခန့်ဇင်ကို၊ ၁၉ နှစ်နှင့် ရွှေကျင်မြို့နယ်၊ သောင်လယ်ကျေးရွာနေ ခင်မေလတ်၊ ၁၉ နှစ်တို့ စီးနင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းတို့ ၃ ဦး၏ လက်ကိုင်ဖုန်းများထဲမှ သစ်ချတောင်အခြေပြု PDF အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ၍ ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
#PeopleMedia