• Follow Us on
Latest News

Home ဘီးလင်း၊ ကျိုက်ထို၊ လှိုင်းဘွဲနှင့် မြောက်ဦးမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်

ဘီးလင်း၊ ကျိုက်ထို၊ လှိုင်းဘွဲနှင့် မြောက်ဦးမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်

Share this post

နေပြည်တော်၊ သြဂုတ် ၈

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တို့၌ မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်း ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိသည့် ဘီးလင်းမြို့၊ ဓမ္မဝိဟာရကျောင်း၊ မြို့နယ်အားကစားခန်းမ၊ အောင်ဇေယျခန်းမ၊ ငြိမ်းချမ်းရိပ်မြုံ ကျောင်း၊ အောင်သိဒ္ဒိကျောင်း၊ ရွှေဘုံသာကျောင်း၊ မြောက်ကျောင်းကြီး၊ စကားဝါကျောင်း၊ ကိုးနဝင်းကျောင်း၊ ငှက်ပျောတောကျောင်း၊ ပိန္နဲ တောကျောင်း၊ ဖိုးလကြီးကျောင်း(မြို့သစ်)နှင့် လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမ၊ ကမော့ကချူး Cyclone Shelter မြို့မဂျာမေဗလီ၊ ပိုင်ကျုံကျေးရွာနှင့် ဒေါ်လန်း ကျေးရွာများသို့ ယနေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်း မှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက သွားရောက်၍ ရေဘေးသင့်ပြည်သူများထံသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ရေသန့်ဘူး၊ ခေါက်ဆွဲခြောက်၊ ထမင်းဘူးများနှင့် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

အလားတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြတန်ဆောင်ယာယီခိုလှုံရာစခန်းနှင့် ဆင်ချရပ်ကွက်အနိမ့်ပိုင်းနေရာ များသို့ ချောင်းရေများဝင်ရောက်လာပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသဖြင့် အဆိုပါနေရာသို့ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲ မှုအောက်ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက ရေဘေးသင့် အိမ်ထောင်စုဝင် မိသားစုများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများအား ရေဘေး လွတ်ရာဖြစ်သည့် မြတန်ဆောင်ဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post