• Follow Us on
Latest News

Home ဘုတလင်မြို့နယ်၌ ဆေးရုံဝန်ထမ်းများလိုက်ပါလာသည့် မော်တော်ယာဉ်မိုင်းခွဲတိုက်ခိုက်ခံရပြီး ဝန်ထမ်း လေးဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့

ဘုတလင်မြို့နယ်၌ ဆေးရုံဝန်ထမ်းများလိုက်ပါလာသည့် မော်တော်ယာဉ်မိုင်းခွဲတိုက်ခိုက်ခံရပြီး ဝန်ထမ်း လေးဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့

Share this post

မုံရွာ၊ ဒီဇင်ဘာ ၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ ဆေးရုံသုံးဆေးပစ္စည်းများထုတ်ယူရန် ဆေးရုံဝန်ထမ်းများ လိုက်ပါ လာသည့် မော်တော်ယာဉ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပေါက် ကွဲမှုကြောင့် ဝန်ထမ်းလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ပြည်သူ့ ဆေးရုံမှ ဆေးရုံဝန်ထမ်းများဖြစ်သည့် ဒေါ်ခိုင်ခိုင်ထွေး(၄၈)နှစ် (ဘ) ဦးထွန်းအောင်၊ မထိပ်တင်ထွေး (၂၅)နှစ် (ဘ)ဦးဆန်းလင်း၊ ကျော်ဇင်ဖြိုး(၁၉)နှစ်နှင့် ဦးဇော်မင်းသန်း(၅၂)နှစ် (ဘ)ဦးဘိုလေးတို့သည် ဆေးရုံသုံးပစ္စည်း များထုတ်ယူရန်အတွက် မုံရွာမြို့သို့ 8J/8606 Super Custom ယာဉ်ဖြင့် ထွက်ခွာလာစဉ် ကျီးပင်ချောင်ကျေး ရွာအနီးသို့အရောက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်လုပ်မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်၏ ဝဲ/ယာမှန်များနှင့် ဆီတိုင်ကီတို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ဒေါ်ခိုင်ခိုင်ထွေးတွင် နဖူးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ မထိပ်တင်ထွေးတွင် နောက်ကျောပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ကျော်ဇင်ဖြိုးတွင် ဝဲ/ယာလက်ဖျံပွန်းပဲ့ဒဏ်ရာ ၂ ချက်နှင့် ဦးဇော်မင်းသန်းတွင် ဝဲနားရွက် စုတ်ပြဲဒဏ်ရာ၊ ဝဲနားထင်/ဝဲချိုစောင်း ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ဘုတလင်မြို့နယ်

 

(unicode)


……………………………………………………..

 


 


 


 


 

Photo – Credit

 



Share this post