• Follow Us on

Home ဘုတလင်နှင့် ရွှေဘိုတို့တွင် PDF ထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

ဘုတလင်နှင့် ရွှေဘိုတို့တွင် PDF ထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် PDF များ ထောင်ထားသည့် လက်လုပ်မိုင်း များ ပေါက်ကွဲမှုကြောင့် လူ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာနေ ဒေါ်အေး အေးသင်း (၄၂) နှစ်သည် ဘုတလင်မြို့သို့ မောင်းထောင်-ဘုတလင်ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့်သွားစဉ် ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက် သင်္ချိုင်းအနီးလမ်းကွေ့အရောက် လမ်းဘေးမှ PDFများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ဒေါ်အေးအေးသင်း၏ ရင်ဘတ်၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

အလားတူ မွန်းလွဲ ၂ နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊ ပန်းတောင်းကျေးရွာနေ ဦးရဲအောင် (၂၅) နှစ်သည် ရွှေ ဘိုမြို့မဈေးမှ ဈေးဝယ်ပြီး ပန်းတောင်းကျေးရွာသို့ ပြန်လာစဉ် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက် မူးဘောင်လမ်း ပေါ်အရောက်၌ လမ်း၏ဝဲဘက်အခြမ်းမှ PDFများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ဦးရဲအောင်တွင် ဦးခေါင်း၊ ဝမ်းဗိုက်၊ လက်နှင့် ခြေထောက်တို့၌ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post