• Follow Us on
Latest News

Home ဘုတလင်မြို့တွင် စာသင်ကျောင်းအတွင်း၌ လက်လုပ်သေနတ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

ဘုတလင်မြို့တွင် စာသင်ကျောင်းအတွင်း၌ လက်လုပ်သေနတ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကြက်ရိုးကုန်းကျေးရွာရှိ စာသင်ကျောင်းအတွင်း၌ PDF များကိုင်ဆောင်သည့် လက်လုပ်သေနတ်နှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၂ ရက် နံနက် ၆ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့မှ သတင်းရရှိသောကြောင့် ကြက်ရိုးကုန်း ကျေးရွာရှိ စာသင်ကျောင်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသိမ်းဆည်းရရှိသည်များမှာ လက်လုပ်သေနတ် ၁၁ လက်၊ ရှော့တိုက်ပြောင်း ၃ ခုတွဲ ၁ လက်၊ ရှော့တိုက် ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လုပ်လက်စဗုံးသီး ၁၆ လုံးနှင့် မိုင်း ၂ လုံးတို့အား သိမ်း ဆည်းရမိကြောင်း သိရပါသည်။

 

Photo – Credit

 

#PeopleMedia


Share this post