• Follow Us on

Home ဘုတလင်မြို့နယ်ရှိ မီးသတ်ဌာနမှ အရာရှိများ၊ ဝန်ထမ်းများနှင့် အရပ်သားများကို PDF များက ဖမ်းဆီး ခေါ်ဆောင်သွား

ဘုတလင်မြို့နယ်ရှိ မီးသတ်ဌာနမှ အရာရှိများ၊ ဝန်ထမ်းများနှင့် အရပ်သားများကို PDF များက ဖမ်းဆီး ခေါ်ဆောင်သွား

Share this post

နေပြည်တော်၊ သြဂုတ် ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မီးသတ်ဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေသည့် မီးသတ်ဌာန အရာရှိများ၊ ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် အရပ်သားပြည်သူများကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ခန့်အချိန်တွင် PDF များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

PDF များ လာရောက် ဖမ်းဆီးသွားသည့် မီးသတ်ဦးစီးမှူး ဦးကျော်စိုးပိုင်၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးစိုးမြတ်မင်း၊ တပ်ကြပ်ကြီး ဦးစိုးသူဝင်း၊ တပ်ကြပ်ကြီး ဦးရန်မျိုးနိုင်၊ တပ်ကြပ်ကြီး ဦးမြင့်နိုင်ထွန်း၊  တပ်ကြပ် ကြီး ဦးခင်စောဦး၊ တပ်ကြပ်ကြီး ဦးကျော်စန်းဝင်း၊ တပ်ကြပ်ကြီး ဦးဟိန်းထက်စိုး၊ တပ်ကြပ်ကြီး ဦးအောင် သူဌေး၊ တပ်ကြပ် ဦးဇော်ဝင်းမြင့်၊ ဒုတပ်ကြပ် ဦးဝင်းမင်းထွေးတို့ ပါဝင်ကြောင်း သိရသည်။

 

ထို့ပြင် ဦးဆယ်ဟိန်း၊ ဦးတင်ထွန်းလင်း၊ ဦးချစ်ဆွေ၊ ဒေါ်မြင့်မြင့်အေး၊ မအေးစန္ဒာထွန်း၊ အမည်စိစစ်ဆဲ အမျိုး သမီး၊ မမြင့်မြင့်လင်း၊ မောင်နေရှင်းသန့် ၁၀ နှစ်၊ မစုရီမွန် ၇ နှစ်၊ မောင်ထက်ဝေယံ ၂ နှစ်တို့ကို ကား ၂ စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ အချိန်တွင် ဘုတလင်မြို့ မီးသတ်ရုံးအား PDF အဖွဲ့မှ ဝင်စီးပြီး၊ ဝန်ထမ်း ၁၃ ဦး နှင့် ၎င်းတို့၏ မိသားစုဝင်များကို ဖမ်းဆီးခဲ့ကာ မီးသတ်ကားနှစ်စီးလည်း မောင်းယူသွားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post