• Follow Us on

Home ဘုတလင်မြို့နယ်ရှိ PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် PDF (၆)ဦး သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရ

ဘုတလင်မြို့နယ်ရှိ PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် PDF (၆)ဦး သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် မှုကြောင့် PDF (၆)ဦး သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

 

ဇူလိုင်လ (၁၀)ရက် နံနက် (၁၁)နာရီခန့်က ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာနှင့် ထနောင်းတောကျေးရွာ ကြားရှိ PDF ဂိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဗုံးသီးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည်။

 

ယင်းသို့ပစ်ခတ်မှုကြောင့် PDF (၄)ဦး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသရန် PDF စခန်းသို့ ခေါ်ဆောင်သွားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးသီးထပ်မံပစ်ချ တိုက်ခိုက်ခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ထပ်မံတိုက်ခိုက်မှုကြောင့် PDF အဖွဲ့ဝင်များဖြစ်သည့် အောင်ချမ်းငြိမ်း (၂၀) နှစ်၊ ကိုဖိုးတုတ် (၂၀) နှစ်၊ ဂျက်စပဲရိုး (၃၀) နှစ် ၊ ကိုစံမတူ (၃၀) နှစ်၊ အခြား PDF တစ်ဦးနှင့် PDF အမျိုးသမီး တစ်ဦးတို့ ထိမှန်သေဆုံးသွားကြောင်းနှင့် PDF (၁၅)ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post