• Follow Us on
Latest News

Home ဘုတလင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အား PDF များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ် ခတ်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

ဘုတလင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အား PDF များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ် ခတ်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီမှ ၁၀ နာရီ ၃၀ မိနစ်ခန့်ထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၂၀၀ ဦးတို့ဖြင့် ပါဝင်စိုက်ပျိုးခဲ့ပြီး မြို့တွင်းသို့ ပြန်လည်ထွက်ခွာလာစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက မြို့၏ မြောက်ဘက်နှင့် တောင်ဘက်တို့မှ ၂ ဖွဲ့ခွဲ၍ မြို့အတွင်းသို့ လက်လုပ်စိန် ပြောင်းများဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့အတွင်း နေရာအနှံ့အပြားသို့ လက်လုပ်စိန်ပြောင်းဗုံး သီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနက် တစ်ဦး သေဆုံးခဲ့ရပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဗန္ဓုလရပ်ကွက်ရှိ ရောင်ခြည်ဦးဘုန်းတော်ကြီးကျောင်း တံခါးမှန်အချို့ ပျက်စီးခဲ့ရကြောင်း သိရသည်။

 

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်း သူများအား ဘုတလင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia


Share this post