• Follow Us on
Latest News

Home ဘုတ်ပြင်းမြို့တွင် မိသားစုဝင် ၃ ဦး သေနတ်ပစ်ခတ်ခံရ၍ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ဘုတ်ပြင်းမြို့တွင် မိသားစုဝင် ၃ ဦး သေနတ်ပစ်ခတ်ခံရ၍ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ သြဂုတ် ၂

 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု၊ ထောင်မွန်ကျေးရွာရှိ ဥယာဉ်ခြံထဲတွင် နေသည့် မိသားစုဝင် ၃ ဦးကို သေနတ်ပစ်ခတ်ခံရ၍ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

သြဂုတ်လ ၁ ရက် ည ၉:၃၀ အချိန်တွင် PDF (၂) ဦးမှထောင်မွန်ကျေးရွာရှိ ဥယျာဉ်ခြံထဲတွင် နေထိုင်သည့် ဦးခင်မောင်လွင်၏ နေအိမ်သို့ PDF များရောက်ရှိလာပြီး ထိုနေအိမ်အတွင်း ရှိနေသည့် ဦးခင်မောင်လွင်အပါအဝင် ၎င်း၏ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့ကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း  သိရသည်။

 

ထိုပစ်ခတ်ခံရ၍ သေဆုံးသွားသူများမှာ ဖခင်ဖြစ်သူအသက် (၆၈) နှစ်အရွယ် ဦးခင်မောင်လွင်၊ ၎င်း၏ဇနီးဖြစ်သူ အသက်(၅၈) အရွယ် ဒေါ်မြင့်ခိုင်တို့ သေဆုံးပြီး၊ ဒဏ်ရာရရှိသူမှာ သားဖြစ်သူ အသက် (၂၄) နှစ်အရွယ် မောင်ကျော်ကျော်လွင် တို့ဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post