• Follow Us on
Latest News

Home ဘုတ်ပြင်းမြို့တွင် PDF များပစ်ခတ်မှုကြောင့် ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာပြင်းထန်ရရှိ

ဘုတ်ပြင်းမြို့တွင် PDF များပစ်ခတ်မှုကြောင့် ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာပြင်းထန်ရရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၆

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၁၆၅/၇) နှင့် (၁၆၆/ဝ) ကြားအရောက်တွင် PDF များမှ မော်တော်ဆိုင်ကယ်ဖြင့် စီးနင်လာသည့် ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး သေနတ်ဖြင့်ပစ်ခတ်လိုက်ကြောင်း သိရသည်။

 

ဒီဇင်ဘာ ၄ ရက် နံနက် ၆ နာရီခွဲအချိန်တွင် အေးမြသာယာကျေးရွာမှ ဘုတ်ပြင်းမြို့သို့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် မောင်းနှင်လာစဉ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၁၆၅/၇)နှင့် (၁၆၆/ဝ) ကြားအရောက်တွင် PDF နှစ်ဦးမှ ထိုဇနီးမောင်နှံနှစ်ဦးကို တောင်ဒဂုံဆီအုန်းကုမ္ပဏီလမ်း(တောလမ်း)အတိုင်း ခေါ်ဆောင်သွားပြီး ဆီအုန်း စိုက်ခင်းအနီး ခမ MN ၇၆၂၁၉၆ အရောက်၌ “ဒလန်” ဟု စွပ်စွဲပြီး သေနတ်ဖြင့် ပစ်ခတ်လိုက်ကြောင်း သိရ သည်။

 

သေနတ်ပစ်ခတ်ခံရသည့် အသက် (၅၃) နှစ်အရွယ် ဦးခင်ဦး၏ နဖူးတွင်ကျည်ဖောက်ဝင်ဒဏ်ရာမှာ (စိုးရိမ်ရ) ကြောင်းနှင့် အသက် (၅၆) နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ဆန်းကြူမှာ ဦးခေါင်းနောက်စေ့တွင် ကျည်ဖောက်ဝင် ဒဏ်ရာ(စိုးရိမ်ရ) ကြောင်း ၎င်းတို့နှစ်ဦးကို ပြည်သူများမှ ဆေးရုံသို့ပို့ဆောင်ပေးလိုက်ကြောင်း၊ ထိုဇနီးမောင်နှံ နှစ်ဦးမှာ အေးမြသာယာကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post