ဘုန်းကြီးကျောင်းခေါင်မိုးအားတက်ပြင်သည့် အမျိုးသားတစ်ဦး ၁၂ ပေခန့်ရှိသည့် အမြင့်ပေါ်မှ ပြုတ်ကျရာ ဒဏ်ရာအပြင်းအထန်ရရှိ
PUBLISHED - December 4, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကမြောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း အဆောက်အဦ ခေါင်မိုးအား တက်ပြင်သည့် အမျိုးသားတစ်ဦး ၁၂ ပေခန့်ရှိသည့် အမြင့်ပေါ်မှ ပြုတ်ကျရာ ဒဏ်ရာအပြင်း အထန်ရရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၂ ရက်နေ့တွင်၄ နာရီ ၂၇ မိနစ်အချိန်တွင် ဦးထွန်းဝေမှာ ကမြောကျေးရွာရှိ ဘုန်းကြီးကျောင်း အဆောက်အဦးအား တပ်ရောက်ပြုပြင်စဉ် ၁၂ ပေခန့်ရှိသည့် အမြင့်ပေါ်မှ မြေကြီးပေါ်သို့ မှောက်လျက် ပြုတ်ကျသောကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
“မှောက်ခုံပြုတ်ကျတာ။ လူနာက သတိတောင်မရဘူး။ မိသားစုဝင်တွေက လောင်းလုံမြို့က ပုဂ္ဂလိက ဆေးရုံပို့ တာ အဆင်မပြေလို့ လူနာကို ထားဝယ်ဆေးရုံကိုပို့လိုက်တာ။ ထားဝယ်ဆေးရုံရောက်တော့ သတိပြန်ရတယ်။ လူနာကဒဏ်ရာလည်း တော်တော်ပြင်းတယ်” လို့ ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ဖြေကြားသည်။
ထိုဒဏ်ရာအပြင်းအထန်ရရှိသူ ဦးထွန်းဝေမှာ အသက်(၄၀) အရွယ်ရှိပြီး ၎င်းမှာ လောင်းလုံမြို့၊သာယာကုန်း ရွာတွင် နေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။
Photo – Credit
#PeopleMedia