ဘုရားခန်း၌ အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - August 4, 2023
နေပြည်တော်၊ သြဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့၊ ရေနံ့သာကျေးရွာအုပ်စု ၊ အောင်သပြေကျေးရွာတွင် နေသည့် အမျိုးသားတစ်ဦး နေအိမ်ရှိ ဘုရားခန်း၌ အိပ်ပျော်နေစဉ် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ယနေ့ နံနက် ၇:၄၅ အချိန်တွင် မတ္တရာမြို့၏ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ အောင်သပြေကျေးရွာတွင် နေထိုင်သည့် ဦးသန်းထွေး၏ နေအိမ်သို့ PDF များရောက်ရှိလာပြီး ထိုနေအိမ်ရှေ့ရှိ နေအိမ်ဘုရားခန်းရှေ့ တန်း လျားတွင် အိပ်နေသည့် ဦးသန်းထွေးအား PDF များမှ သေနတ်ဖြင့်ပစ်ခတ်ပြီး ဓားဖြင့် ခုတ်ဖြတ်သွားကြောင်း သိရသည်။
ထို ဦးသန်းထွေးမှာ အသက်(၆၁) နှစ်ရှိပြီး ၎င်း၏ ယာချိုစောင်းကျည်ဖောက်ဝင်/ ဝဲနားနောက် ကျည်ဖောက် ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲဒူးခေါင်းပြတ်ရှဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၃ ချက်) ဖြင့် သေဆုံးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia