• Follow Us on
Latest News

Home ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲ ပူတာအိုမြို့၌ ပြုလုပ်

ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲ ပူတာအိုမြို့၌ ပြုလုပ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၀

 

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို ယမန်နေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဦးစွာ ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများသည် သတ်မှတ်နေရာ အသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာတော်များနှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြော ကြသည်။

 

ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး ထောက်ခံသူများ(ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့် ဗုဒ္ဓ ဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက် သမားများနှင့် သာသနာဖျက် များအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလို မရှိ)၊ သာသနာဖျက် အကြမ်းဖက်သမားများအား (အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီး စော်ကားနေသည့် အကြမ်းဖက်သမားများ(ကျရှုံးပါစေ)၊ လူမျိုးရေးခွဲခြား၊ သာသနာကို စော်ကားဖျက်ဆီးနေသူများအား(ဆန့် ကျင်ကြ)၊ စေတီပုထိုး၊ ဆင်းတုတော်များကို ဖျက်ဆီးနေကြ သည့် အကြမ်းဖက်သမားများ(ကျရှုံးပါစေ) စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post