ဘုရားဖူးများနှင့် နိုင်ငံခြားဧည့်သည်များ စိတ်ချမ်းသာစွာဖူးမြော်နိုင်ရေးဆောင်ရွက်ကြရန် သာသနာရေးဝန်ကြီး မှာကြား

PUBLISHED - July 21, 2023
နေပြည်တော်၊ ဇူလိုင် ၂၁
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးလာပြည်သူများနှင့် နိုင်ငံခြားဧည့်သည်များ စိတ်ချမ်းသာစွာဖူးမြော်နိုင်ရေးဆောင်ရွက်ကြရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဦးကိုကိုက မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီ တော်မြတ်ကြီးသို့ရောက်ရှိပြီး အထက်ပစ္စယံရင်ပြင်ပေါ်ရှိ ပတ္တမြားမျက်ရှင်ဘုရားအား ပန်းရေချမ်းဆက်ကပ် ပူဇော်ဖူးမြော်ကြည်ညိုကာ စေတီတော်ရင်ပြင်ပေါ်ရှိ တောင်ဘက်စောင်းတန်း ပြင်ဆင်မွမ်းမံနေမှုနှင့် ရွှေတိဂုံ စေတီတော်ဗုဒ္ဓပြတိုက်တို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များနှင့် တွေ့ဆုံပြီး ဘုရားဖူးလာပြည်သူများနှင့် နိုင်ငံခြားဧည့်သည်များ စိတ်ချမ်းသာစွာဖူးမြော်နိုင်ရေးဆောင်ရွက်ကြရန်နှင့် အဆင့် မြင့်ယဉ်ကျေးမှုသင်တန်းများ ပို့ချသင်ကြားမှု၊ လုံခြုံရေး၊ ပြတိုက်၊ စာကြည့်တိုက်၊ ဈေးဆိုင်ခန်းများနှင့်ပတ် သက်၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေတိဂုံစေတီတော် ပိဋကတ်တိုက်သို့ရောက်ရှိပြီး ရှေးဟောင်းပေစာများ၊ ပုရပိုက်များကို ကြည့်ရှုစစ်ဆေးကာစနစ်တကျ ရေရှည်ဆက်လက် ထိန်းသိမ်းစောင့် ရှောက်သွားရေး လမ်းညွှန်မှာကြားခဲ့သည်။
#PeopleMedia