• Follow Us on
Latest News

Home ဘုရားမီးမှတစ်ဆင့် မီးလောင်ရာ အသက် (၅) နှစ်အရွယ်ကလေးတစ်ဦး မီးလောင်၍ သေဆုံး

ဘုရားမီးမှတစ်ဆင့် မီးလောင်ရာ အသက် (၅) နှစ်အရွယ်ကလေးတစ်ဦး မီးလောင်၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၁၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရက်၊ နယ်မြေ (၆) ရှိ နေအိမ် တစ်လုံးတွင် ဘုရားမီးမှတစ်ဆင့် မီးလောင်ရာ အသက် (၅) နှစ်အရွယ်ကလေးတစ်ဦး မီးလောင်၍ သေဆုံး သွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၄ ရက် ည ၁၁:၃၀ အချိန်တွင် မိခင်ဖြစ်သူမှ ဘုရားမီးပူဇော်ပြီး မီးမငြိမ်းဘဲအိပ်ပျော် သွားစဉ် ဘုရားမီးမှတစ်ဆင့် နေအိမ်သို့ မီးကူးစက်ရာ အသက် (၅) နှစ်အရွယ်ကလေးတစ်ဦး မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။

 

ထိုနေအိမ်ထဲတွင် မိခင်ဖြစ်သူနှင့်အတူ အိပ်ပျော်နေသည့် အသက် (၁၃) နှစ်၊ အသက် (၁၄) နှစ်အရွယ် သမီး နှစ်ဦးနှင့် အသက် (၅) နှစ်အရွယ် သားတစ်ဦးတို့ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့မှ ထိုနေအိမ်ထဲ ရှိသူများကို ကယ်ဆယ်ရာတွင် အသက် (၅) နှစ်အရွယ်ယောကျာ်းလေးတစ်ဦးမှာ မီးလောင်နေပြီး ကျန်သူများ ကို ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

 

မီးလောင်နေသည့် နေအိမ်ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မီးငြှိမ်းသတ်ရာတွင် ည ၁၁:၄၀ ခန့်အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post