• Follow Us on

Home ဘုရားသုံးဆူမြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာအပြင်းအထန်ရရှိ

ဘုရားသုံးဆူမြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာအပြင်းအထန်ရရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၈

 

ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ် (၃) ရပ်ကွက်၊ ထားဝယ်စုကျေးရွာတွင် နေ ထိုင်သည့် အမျိုးသားတစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၈ ရက် ညနေ ၄ နာရီအချိန်ဝန်းကျင်တွင် ထားဝယ်စုကျေးရွာတွင် နေသည့် ဦးသိန်းထွန်း မှာ PDF များပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရ၍ ဦးသိန်းထွန်း၏ ဘယ်ဘက်မျက်ခုံးအပေါ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post