• Follow Us on
Latest News

Home ဘုရားသုံးဆူမြို့တွင် KNU/PDF များမှ သေနတ်ဖြင့်ပစ်ခတ်ရာ အသက် (၆၈) နှစ်အရွယ် အမျိုးသားတစ်ဦး သေ ဆုံးပြီး၊ အမျိုးသမီး (၁) ဦး ဒဏ်ရာရ

ဘုရားသုံးဆူမြို့တွင် KNU/PDF များမှ သေနတ်ဖြင့်ပစ်ခတ်ရာ အသက် (၆၈) နှစ်အရွယ် အမျိုးသားတစ်ဦး သေ ဆုံးပြီး၊ အမျိုးသမီး (၁) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၅

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ဘုရားသုံးဆူမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကံ့ကော်လမ်းသွယ် (၄) လမ်း တွင် နေအိမ်တစ်လုံး၌ KNU/PDF များမှ သေနတ်ဖြင့်ပစ်ခတ်ရာ အသက် (၆၈) နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးပြီး၊ အမျိုးသမီး (၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီကျော်တွင် KNU/PDF များမှ ကံ့ကော်လမ်းသွယ်ရှိ ဦးမြတ်ကျော်၏ နေအိမ်သို့ ရောက်ရှိလာပြီး ထိုနေအိမ်အတွင်းအတူရှိနေသည့် ဦးမြတ်ကျော်နှင့် ဇနီးဖြစ်သူတို့ကို သေနတ်ဖြင့် ပစ်ခတ် သွားကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရမူကြောင့် သေဆုံးသွားသည့် အသက် (၆၈) နှစ်အရွယ် ဦးမြတ်ကျော်ဖြစ်ပြီး ၎င်း၏ဇနီး ဖြစ်သူ အသက် (၅၂) နှစ်အရွယ် ဒေါ်အေးမြင့်မှာ ညာဘက်ပေါင်တွင် ကျည်ထိဒဏ်ရာ (၁) ချက်ရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post