ဘုရားသုံးဆူမြို့ရှိ BGF နေအိမ်တစ်လုံးကို KNU အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ BGF အဖွဲ့ဝင် ငါးဦးကျဆုံး
PUBLISHED - May 11, 2024
နေပြည်တော်၊ မေ ၁၁
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ဘုရားသုံးဆူမြို့၊ ဥဒေါင်းကန်အနီးရှိ နယ်ခြားစောင့်(BGF) တပ်ဖွဲ့၏ နေအိမ်တစ်လုံးကို KNU အဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ BGF အဖွဲ့ဝင် ငါးဦးကျဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ မေ (၁၀) ရက် နေ့လယ် (၁၂) နာရီဝန်းကျင်က ဘုရားသုံးဆူမြို့ရှိ BGF 2023 တပ်ရင်းမှ ဗိုလ်မှူး ဝင်းလေး၏ တပည့်ဖြစ်သူ အောင်ခိုင်ဦး(ခ)ဂတုံး၏ နေအိမ်ကို KNU အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးသီးလေးလုံး ပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ KNU အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးသီးလေးလုံး ပစ်ချတိုက်ခိုက်မှုကြောင့် အဆိုပါ နေအိမ်အတွင်းရှိ BGF အဖွဲ့ဝင် ငါးဦး ကျဆုံးသွားကြောင်း သိရသည်။
#PeopleMedia