ဘူမိဖႆမုျဒာ ထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ေနျပည္ေတာ္တြင္ တည္ထားကိုးကြယ္ ႏုိင္ရန္ စက်င္ေက်ာက္တုံးေတာ္မ်ားကုိ ေရလမ္း၊ ကုန္လမ္းအသြယ္သြယ္ျဖင့္ ယေန႔မွ စတင္၍ ပင့္ေဆာင္မည္

PUBLISHED - July 3, 2020
ရန္ကုန္၊ ဇူလုိင္ – ၂
ဘူမိဖႆမုျဒာ ထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ေနျပည္ေတာ္တြင္ တည္ထားကိုးကြယ္ ႏုိင္ရန္ စက်င္ေက်ာက္တုံးေတာ္မ်ားကုိ ေရလမ္း၊ ကုန္လမ္းအသြယ္သြယ္ျဖင့္ ယေန႔မွစတင္၍ ပင့္ေဆာင္မည္ ျဖစ္သည္။
မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ စက်င္ေက်း႐ြာအနီး စက်င္ေတာင္မွထြက္ရွိသည့္ စက်င္ေက်ာက္တုံး ေတာ္ႀကီးကို ဉာဏ္ေတာ္အျမင့္ ၆၃ ေပ၊ ပလႅင္ေတာ္အျမင့္ ၁၈ ေပရွိ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူ ေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအျဖစ္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဒဏၡိဏသီရိၿမိဳ႕နယ္တြင္ တည္ထားကိုးကြယ္ႏုိင္ ေရး စက်င္ေက်ာက္တုံးေတာ္မ်ားအား ဇူလိုင္လ ၃ ရက္ မဂၤလာအခ်ိန္တြင္ စက်င္ေတာင္မွ ေျမာင္ျမစ္အတြင္းသို႔ လည္းေကာင္း၊ ေျမာင္ျမစ္မွတစ္ဆင့္ ဧရာဝတီျမစ္ေၾကာင္းအတိုင္းစုန္ဆင္း၍ ေရလမ္းေၾကာင္းျဖင့္ ဆီမီးခုံဆိပ္ ကမ္းသို႔ စတင္ပင့္ေဆာင္မည္ျဖစ္ေၾကာင္း၊ စက်င္ေက်ာက္တုံးေတာ္ႀကီး စုစုေပါင္း အပိုင္း(၉)ပိုင္းခြဲျခား၍ ေရ ယာဥ္မ်ားျဖင့္ ဆက္လက္ပင့္ေဆာင္သြားမည္ျဖစ္သည္။
ထုိမွတစ္ဆင့္ ဆီမီးခုံဆိပ္ကမ္းမွတစ္ဆင့္ တံတားဦးစကားအင္းဝိုင္း၊ ၎မွတစ္ဆင့္ မႏၲေလး-ရန္ကုန္ အျမန္ လမ္းမႀကီးအတိုင္း ေနျပည္ေတာ္သို႔ ကုန္းလမ္းအတိုင္း အဆင့္ဆင့္ဆက္လက္ပင့္ေဆာင္၍ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအျဖစ္ တည္ထားကိုးကြယ္ႏုိင္ေရး ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။
#PeopleMedia #ဘူမိဖႆမုျဒာ #စက်င္ေတာင္
(unicode)
ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော်တွင် တည်ထားကိုးကွယ် နိုင်ရန် စကျင်ကျောက်တုံးတော်များကို ရေလမ်း၊ ကုန်လမ်းအသွယ်သွယ်ဖြင့် ယနေ့မှ စတင်၍ ပင့်ဆောင်မည်
…………………………………………………………………………………………..
ရန်ကုန်၊ ဇူလိုင် – ၂
ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော်တွင် တည်ထားကိုးကွယ် နိုင်ရန် စကျင်ကျောက်တုံးတော်များကို ရေလမ်း၊ ကုန်လမ်းအသွယ်သွယ်ဖြင့် ယနေ့မှစတင်၍ ပင့်ဆောင်မည် ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်တောင်မှထွက်ရှိသည့် စကျင်ကျောက်တုံး တော်ကြီးကို ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် နေပြည်တော်ကောင်စီနယ်မြေ၊ ဒဏ္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်နိုင် ရေး စကျင်ကျောက်တုံးတော်များအား ဇူလိုင်လ ၃ ရက် မင်္ဂလာအချိန်တွင် စကျင်တောင်မှ မြောင်မြစ်အတွင်းသို့ လည်းကောင်း၊ မြောင်မြစ်မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်း၍ ရေလမ်းကြောင်းဖြင့် ဆီမီးခုံဆိပ် ကမ်းသို့ စတင်ပင့်ဆောင်မည်ဖြစ်ကြောင်း၊ စကျင်ကျောက်တုံးတော်ကြီး စုစုပေါင်း အပိုင်း(၉)ပိုင်းခွဲခြား၍ ရေ ယာဉ်များဖြင့် ဆက်လက်ပင့်ဆောင်သွားမည်ဖြစ်သည်။
ထိုမှတစ်ဆင့် ဆီမီးခုံဆိပ်ကမ်းမှတစ်ဆင့် တံတားဦးစကားအင်းဝိုင်း၊ ၎င်းမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန် လမ်းမကြီးအတိုင်း နေပြည်တော်သို့ ကုန်းလမ်းအတိုင်း အဆင့်ဆင့်ဆက်လက်ပင့်ဆောင်၍ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #ဘူမိဖဿမုဒြာ #စကျင်တောင်