ဘူရားတီးရားပြည်နယ်အကြီးအကဲ သီတဂူဆရာတော်ကြီးအား သွားရောက်ဖူးမြော်
PUBLISHED - November 14, 2024
နေပြည်တော်၊ နိုဝင်ဘာ ၁၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့တွင် နိုင်ငံတော်ဩဝါဒစရိယ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။
ဘူရားတီးရားပြည်နယ်အကြီးအကဲသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ရောက်ရှိပြီး သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရှိ Seminar Hall နှင့် မျက်စိခွဲစိတ်ခန်းတို့ကို ကြည့်ရှုလေ့လာခဲ့သည်။
ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီး အားဖူးမြော်ပြီး ရန်ကုန်မြို့အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
#PeopleMedia