ဘူးသီးတောင်မြို့တွင် ဘင်္ဂလီလူမျိုး ၂၀၀၀ ခန့်က AA ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ကန့်ကွက်ဆန္ဒပြ

PUBLISHED - May 6, 2024
နေပြည်တော်၊ မေ ၆
ရခိုင်ပြည်နယ်အတွင်း၌ ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည်ကို AA အကြမ်းဖက်သောင်းကျန်းသူများက မနာလိုမရှုစိတ်ဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော မြို့၊ ရွာများနှင့် ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူအချို့သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့် ကွက်မှုများ ဆောင်ရွက်လျက်ရှိရာ မေလ ၄ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ မြို့ပေါ် ရပ်ကွက်များမှ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး ကိုလိုလားသော ဘင်္ဂလီလူမျိုး အမျိုးသား၊ အမျိုး သမီး စုစုပေါင်း ၂၀၀၀ ဦးခန့်သည် အဆိုပါမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနေရာသို့ စုဝေးရောက်ရှိလာပြီး ၎င်းနေရာမှ မေယုလမ်းမကြီးအတိုင်း နတ်ပင်ရင်းလမ်းဆုံ၊ ၎င်းမှ အေးစေတီလမ်းဆုံနှင့် ဘောလုံးကွင်းလမ်းအတိုင်း၊ ၎င်းနေရာမှ မူလစုရပ်နေရာသို့ ငြိမ်းချမ်းစွာလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြ ကြောင်း သိရသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် AA အလိုမရှိ၊ ဘင်္ဂလီလူမျိုးများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်သည့် AA အဖွဲ့အား ICJ အရေးယူပေးပါ၊ AA အကြမ်းဖက်အဖွဲ့ ဘင်္ဂလီလူမျိုးများအား လူသားဒိုင်းပြုလုပ်မှု ချက်ချင်းရပ်၊ AA အကြမ်းဖက်အဖွဲ့ ဘင်္ဂလီကျေးရွာ၊ ရပ်ကွက်များအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုချက်ချင်းရပ်၊ AA အကြမ်း ဖက်အဖွဲ့ တိုက်ပွဲရှောင်နေရာများအား လက်နက်ကြီးဖြင့်ပစ်ခတ်မှု ချက်ချင်းရပ်” စသည့် စာသားများပါ ဆိုင်း ဘုတ်များ ကိုင်ဆောင် မြန်မာ/ဘင်္ဂလီ နှစ်ဘာသာဖြင့် ကြွေးကြော်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
#PeopleMedia