• Follow Us on

Home ဘူးသီးတောင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ AA အဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် ပြည်သူ (၃) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရရှိ

ဘူးသီးတောင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ AA အဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် ပြည်သူ (၃) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ မေ ၁၃

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ ယာယီနေထိုင်သည့် ပြည်သူ့ဆေးရုံဝင်း အတွင်းသို့ AA အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ (၃)ဦး သေဆုံးပြီး အသက် (၁)နှစ်ခွဲနှင့် အသက် (၁၀)နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံပြည်သူ (၁၀) ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

မေလ (၁၁)ရက် ည(၁၁)နာရီခန့်က AA အဖွဲ့ဝင်များအနေဖြင့် ဘူးသီး‌တောင်မြို့ အရှေ့မြောက်ဘက် မီတာ (၂၈၀၀)ခန့်အကွာ ကျောက်သစ်ရွာသစ်‌ကျေးရွာဘက်မှ ပြည်သူ့ဆေးရုံ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာ လေးထပ်ဆောင်ပေါ်သို့ လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲခဲ့သည်။

 

ယင်းပေါက်ကွဲမှုကြောင့် ပြည်သူ့ဆေးရုံအတွင်း နေထိုင်နေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူ (၃)ဦး သေဆုံးခဲ့ပြီး အသက် (၁)နှစ်ခွဲနှင့် အသက် (၁၀)နှစ် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံပြည်သူ (၁၀)ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

 

ယင်းနောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များမှ ဘူးသီးတောင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ပြီး ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post