• Follow Us on

Home ဘော်လတစ်ဒေသအတွက် နေတိုးအဖွဲ့ ရေတပ်ကွပ်ကဲမှုစင်တာအသစ်တစ်ခု ဂျာမနီဖွင့်လှစ်

ဘော်လတစ်ဒေသအတွက် နေတိုးအဖွဲ့ ရေတပ်ကွပ်ကဲမှုစင်တာအသစ်တစ်ခု ဂျာမနီဖွင့်လှစ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၃

 

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေစဉ်အတွင်း ဘော်လတစ်ပင်လယ်ဒေသမှာ ကာကွယ်ရေးအ သင့်ဖြစ်မှုကို မြှင့်တင်ဖို့အတွက် နေတိုးအဖွဲ့ရေတပ်ကွပ်ကဲမှုစင်တာအသစ်တစ်ခုကို ဂျာမနီနိုင်ငံက တနင်္လာနေ့ (အောက်တိုဘာ ၂၁ ရက်နေ့) က ဖွင့်လှစ်လိုက်ပါတယ်။

 

ဂျာမနီနိုင်ငံက ဦးဆောင်တဲ့ ဘော်လတစ်ပင်လယ်ပြင်ရေတပ်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟာ ငြိမ်းချမ်းနေစဉ် ကာလ၊ အကျပ်အတည်းဖြစ်နေစဉ်ကာလ၊ စစ်ဖြစ်နေစဉ်ကာလတွေမှာ ရေတပ်စစ်ဆင်ရေးတွေ တိုက်ရိုက် ဆောင်ရွက်ဖို့ အဆင်သင့်ရှိနေမှာဖြစ်တယ်။” လို့ ကာကွယ်ရေးဝန်ကြီးဘောရစ်ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။

 

ရော့စတော့ဆိပ်ကမ်းမြို့မှာရှိပြီး နေတိုးအဖွဲ့ဝင် ၁၁ နိုင်ငံက တပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်သွားမှာဖြစ်တဲ့ အဲဒီရေတပ်စစ်ဆင်ရေးကွပ်ကဲမှုစင်တာကို ဂျာမန်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးက ဦးဆောင်သွားမှာဖြစ်ပါတယ်။

 

ဒီရေတပ်စခန်းဟာ ဒေသတွင်း ပင်လယ်ပြင်စစ်ဆင်ရေးဆောင်ရွက်မှုတွေကို ပေါင်းစပ်ညှိနှိုင်းသွားမှာဖြစ်ပြီး ဘော်လတစ်ဒေသမှာ ၂၄ နာရီ ပင်လယ်ရေကြောင်း တာဝန်တွေထမ်းဆောင်ရင်း နေတိုးအဖွဲ့ကြီးကို ပံ့ပိုးသွား မှာဖြစ်ကြောင်း ဂျာမန်တပ်မတော်က ပြောပါတယ်။

 

ပူးတွဲတာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင်တွေထဲမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီးနောက်မှာ နေတိုးအဖွဲ့ထဲဝင်ရောက်လာတဲ့ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံက တပ်ဖွဲ့ဝင်တွေလည်းပါဝင်ပါ တယ်။

 

ရုရှားနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ် မတိုင်ခင် နေတိုးအဖွဲ့ကို တိုက်ခိုက်လာနိုင်ဖွယ်ရှိသလို ရုရှားအစိုးရက အနောက် နိုင်ငံတွေကိုဆန့်ကျင်တဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေနဲ့ လျှို့ဝှက်လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နေတယ် လို့ ဂျာမန်ထောက်လှမ်းရေးအကြီးအကဲက ပြီးခဲ့တဲ့အပတ်က ပြောပါတယ်။

 

“ဂျာမနီနဲ့ ဥရောပဒေသမှာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲကြား မှုန်ဝါးဝါးရှုပ်ထွေးစေအောင် ဆက်လုပ်နေတဲ့ ဆိုင်ဘာခြိမ်း ခြောက်မှုနဲ့ နှစ်မျိုးစပ်ခြိမ်းခြောက်မှုတွေလို နည်းလမ်းပေါင်းစုံနဲ့ ရုရှားက ကျူးကျော်နေတာ ကျွန်တော်တို့ တွေ့ရှိ နေရပါတယ်။” လို့ ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။

 

“ဒါ့ကြောင့် ရုရှားသမ္မတဗလာဒီမာပူတင် အဲဒီလမ်းကြောင်းအတိုင်း မသွားနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက် ရမှာဖြစ်တယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရမှာဖြစ်ပြီး နေတိုးအရှေ့ဖျားစစ်တောင်ပံ့က မိတ်ဖက် နိုင်ငံတွေကို ထောက်ပံ့ဖို့အတွက် ကျွန်တော်တို့ တတ်စွမ်းသမျှ ဆောင်ရွက်ရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

ရေတပ်စခန်းကွပ်ကွဲမှုစင်တာမှာ ဗြိတိန်၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နယ်သာလန်၊ ပိုလန်နဲ့ ဆွီဒင်နိုင်ငံတို့က ကိုယ်စားလှယ်တွေအပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၁၈၀ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

 

Ref: Germany Opens NATO Naval Command Center on Baltic Sea

 

#PeopleMedia


Share this post