• Follow Us on

Home ဘော်လတစ်သုံးနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၂၂၈ သန်း အမေရိကန်ခွင့်ပြု

ဘော်လတစ်သုံးနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၂၂၈ သန်း အမေရိကန်ခွင့်ပြု

Share this post

နိုင်ငံတကာ၊ မတ် ၂၆

 

ရုရှားနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘော်လတစ်သုံးနိုင်ငံအတွက် စစ်ရေးအကူအညီအဖြစ် ယူရိုငွေ သန်း ၂၁၀ (ဒေါ်လာ ၂၂၈ သန်း) ထောက်ပံ့သွားဖို့ အမေရိကန်အစိုးရက သဘောတူညီလိုက်ပါတယ်။

 

ပြီးခဲ့တဲ့သောကြာနေ့ (မတ်လ ၂၂ ရက်နေ့) က အမေရိကန်လွှတ်တော်အမတ်တွေက ခွင့်ပြုလိုက်တဲ့ အဲဒီရန်ပုံ ငွေဟာ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်နေတဲ့ကြားက အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီး ယားနိုင်ငံတွေရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်သွားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

 

အဲဒီရန်ပုံငွေတွေဟာ ဘော်လတစ်သုံးနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ သုံးနိုင်ငံရဲ့ ပင် လယ်ပြင် situational awareness ကို မြှင့်တင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“အမေရိကန်ရဲ့ထောက်ပံ့မှုတွေဟာ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေအတွက် စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦတွေနဲ့ စွမ်းရည်မြှင့်တင်ရေးစီမံချက်တွေ ပိုမိုတိုးတက်ဖို့ ဆောင်ရွက်ရာ မှာ အထောက်အကူပြုခဲ့ပါတယ်။ သတင်းကောင်းကတော့ ဒီနှစ်ထောက်ပံ့မှုဟာ အရင်နှစ်ကထက် အနည်းငယ် ပိုမိုမြင့်တက်လာတာဖြစ်ပါတယ်။” လို့ အက်စ်တိုးနီးယားကာကွယ်ရေးဝန်ကြီး ဟန်နိုပက်ဗ်ကာက ပြောပါတယ်။

 

၂၀၂၃ ခုနှစ်မှာတော့ ၂၀၂၀ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့တဲ့ ဘော်လတစ်လုံခြုံရေးစီမံချက်ရဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် အမေရိကန်အစိုးရဟာ ဒေါ်လာ ၂၂၅ သန်း ထောက်ပံ့ခဲ့ပါတယ်။ ယူကရိန်းဒေသကို ရုရှားက ကျူးကျော်တိုက်ခိုက်နေစဉ် ဥရောပဒေသမှာ တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေ စဉ်အတွင်း အမေရိကန်က အခုလို ထောက်ပံ့နေတာဖြစ်ပါတယ်။

 

အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ ရုရှားအနိုင်ရသွားရင် ရုရှားအစိုးရရဲ့နောက်ထပ်ပစ်မှတ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

 

အမေရိကန်အစိုးရရဲ့ဘဏ္ဍာရေးအကူအညီဟာ ကမ္ဘာပေါ်မှာ စစ်အင်အားအတောင့်တင်းဆုံးဖြစ်တဲ့ အမေရိကန် နိုင်ငံဟာ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် သံန္နိဋ္ဌာန်ချထားတယ်ဆိုတာ ပြိုင်ဘက်နိုင်ငံတွေကို ရှင်း လင်းစွာ အချက်ပေးလိုက်တာဖြစ်ကြောင်း ဟန်နိုပက်ဗ်ကာက ပြောပါတယ်။

 

လေကြောင်းရန်ကာကွယ်ရေး/ ဒုံးကျည်ကာကွယ်ရေး၊ ပင်လယ်ပြင်ပိုင်နက် အခြေအနေကောင်းစွာနားလည် သဘောပေါက်ရေး၊ ဆိုက်ဘာနဲ့ သမရိုးကျမဟုတ်တဲ့စစ်ဆင်ရေးကိစ္စရပ်တွေ ပေါင်းစပ်ရာမှာ ပူးပေါင်းဆောင် ရွက်သွားမယ့် ငါးနှစ်လမ်းပြမြေပုံကို ပြီးခဲ့တဲ့ဒီဇင်ဘာလက အမေရိကန်နဲ့ ဘော်လတစ်နိုင်ငံတွေ သဘောတူညီ ခဲ့ပါတယ်။

 

ဘော်လတစ်သုံးနိုင်ငံဟာ ဘယ်လာရုစ်နဲ့ ရုရှားနယ်စပ်တွေနဲ့ ထိစပ်နေတဲ့နေရာတွေကို ခြံစည်းရိုးခတ်သွားဖို့ လည်း သဘောတူညီခဲ့ပြီးဖြစ်ပါတယ်။

 

Ref: US OKs $228M Military Aid to Baltic Nations

 

#PeopleMedia


Share this post