ဘရူးနိုင်းနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း န.စ.က ထုတ်ပြန်

PUBLISHED - August 4, 2021
နေပြည်တော်၊ သြဂုတ် ၄ (People Media)
ဘရူးနိုင်းနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း န . စ . က မှ သြဂုတ် ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိဖို့ရန် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့မှ သံတမန် ရေးရာအားထုတ်မှုတွေကို ဦးဆောင်မှုပြုရန် တရုတ်၊ အမေရိကန်အပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံအများအပြား က တိုက်တွန်းမှုပြုလုပ်ထားသည်။
အဆိုပါ ဘရူးနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) Erywan Yusof ကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် လိုက်ကြောင်း နိုင်ငံတကာမီဒီယာအချို့တွင် ဖော်ပြလျက်ရှိပြီး လက်ရှိတွင် န . စ . က မှ တရားဝင်ထုတ်ပြန် ကြေညာခြင်းမရှိသေးပေ။
ထို့အပြင် အထူးသံတမန်ဟာ မြန်မာစစ်ဘက်တာဝန်ရှိသူတွေနဲ့ အတိုက်အခံတွေကြားမှာ အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ပေးဖို့ အားထုတ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ပြည်ပ သတင်းဌာနများမှ ဖော်ပြထားသည်။
#PeopleMedia #အာဆီယံအထူးကိုယ်စားလှယ်
(unicode)
……………………………………………………………………