မက္ကဆီကို သမ္မတရွေးကောက်ပွဲမှာ ရှိန်းဘွန်းအနိုင်ရသွားပြီဖြစ်ကြောင်း အာဏာရပါတီကြေညာ
PUBLISHED - June 3, 2024
နိုင်ငံတကာ၊ ဇွန် ၃
မက္ကဆီကိုရွေးကောက်ပွဲမှာ တနင်္ဂနွေနေ့ (ဇွန်လ ၂ ရက်နေ့) က မဲစာရင်းတွေပိတ်သိမ်းလိုက်ပြီးနောက် က လောက်ဒီယာရှိန်းဘွန်းက နိုင်ငံရဲ့ ပထမဦးဆုံးအမျိုးသမီးသမ္မတအဖြစ် အနိုင်ရရှိသွားကြောင်း မီဒီယာတွေနဲ့ အာဏာရပါတီက ကြေညာလိုက်ပါတယ်။
NMAS ရုပ်သံသတင်းဌာနဲ့ El Financiero သတင်းစာတို့ကလည်း ၎င်းတို့ရဲ့စစ်တမ်းတွေအရ ကလောက်ဒီယာ ရှိန်းဘွန်းအနိုင်ရသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အာဏာရပါတီ MORENA ခေါင်းဆောင် မာရီယိုဒယ်လ်ဂိုဒိုကလည်း ရှိန်းဘွန်း မဲအပြတ်အသတ်နဲ့ အနိုင်ရသွား ပြီဖြစ်ကြောင်း မက္ကဆီကိုမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ အမတ်လောင်း ၃၈ ဦး အသတ်ခံခဲ့ရတဲ့အတွက် ခေတ်သစ်သမိုင်းမှာ မက္ကဆီကို ရွေးကောက်ပွဲဟာ အကြမ်းဖက်မှုအများဆုံး ရွေးကောက်ပွဲဖြစ်နေပါတယ်။
အခုလိုဆိုးရွားလှတဲ့ အကြမ်းဖက်မှုတွေကြောင့် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်မှု တွေကို စိုးရိမ်နေကြပါတယ်။
တနင်္ဂနွေနေ့ကလည်း ပူဘလာပြည်နယ်က မဲရုံတွေမှာ လူနှစ်ဦး အသတ်ခံခဲ့ရပါတယ်။
ပြိုင်ဘက်အမျိုးသမီးသမ္မတလောင်း ဇီချစ်လ်ဂါးလ်ဗက်ဇ်ကို အပြတ်အသတ်အနိုင်ရလိုက်တဲ့ ရှိန်းဘွန်းဟာ ရာဇ ဝတ်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ခေတ်သစ်မက္ကဆီသမိုင်းမှာတော့ တခြားမက္ကဆီကို အစိုးရတွေလက်ထက်မှာထက် မကြာခင်အနားယူတော့ မယ့် သမ္မတအန်းဒရီးစ်မန်နျူရယ်လ်လိပ်ပက်ဇ်အိုပရာဒို လက်ထက်မှာ ပြည်သူအများအပြားအသတ်ခံခဲ့ရပါ တယ်။
ရှိန်းဘွန်းရဲ့ရွေးကောက်ပွဲအောင်မြင်မှုဟာ ယောကျာ်းကြီးဝါဒကြီးစိုးတဲ့ မက္ကဆီကို နိုင်ငံရှေ့ခရီးဆက်နိုင်ဖို့ အဓိကခြေ လှမ်းတစ်ရပ်အဖြစ် ကိုယ်စားပြုသွားမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲအနိုင်ရတဲ့သမ္မတဟာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ခြောက်နှစ်သက်တမ်းတာဝန်ထမ်း ဆောင်ရမှာဖြစ်ပါတယ်။
Ref: Mexico’s ruling party declares Sheinbaum winner of presidential vote: Reuters News
#PeopleMedia