မကြာခင်တည်ဆောက်မယ့် Ford-class လေယာဉ်တင်သင်္ဘောနှစ်စီးကို သမ္မတဟောင်း ဘီလ်ကလင်တန်န်ဲ့ ဂျော့ခ်ျ ဒဗလျူဘုရှ်နာမည်ပေး

PUBLISHED - January 17, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇
အမေရိကန်ရေတပ်ရဲ့ အမှတ် ၅ နဲ့ အမှတ် ၆ R. Ford-class နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးနှစ်စင်းကို သမ္မတဟောင်း ဝီလျံဂျေကလင်တန်နဲ့ ဂျော့ချ်ဒဗလျူဘုရှ်တို့ကို ဂုဏ်ပြတဲ့အနေနဲ့ ၎င်းတို့နာမည်တွေကို ပေး လိုက်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
အဆိုပါသမ္မတနှစ်ဦးဟာ ၎င်းတို့တာဝန်ယူအုပ်ချုပ်ခဲ့တဲ့ကာလအတွင်း ခက်ခဲကြမ်းတမ်းလှတဲ့နိုင်ငံ့အတွေ့အကြံ ုတွေကို နိုင်ငံရဲ့ စစ်သေနာပတိချုပ်တွေအဖြစ် ကိုယ်တိုင်ဖြတ်သန်းကျော်လွှားခဲ့ကြတဲ့အတွက် ၎င်းတို့ကို ဂုဏ်ပြုပြီး လေယာဉ်တင်သင်္ဘောတွေကို ၎င်းတို့နာမည်ပေးခဲ့ တာဖြစ်ကြောင်း အိမ်ဖြူတော်က ဘိုင်ဒန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“USS William J. Clinton (CVN 82) နဲ့ USS George W. Bush (CVN 83) လို့ နာမည်ပေးထားတဲ့ နျူစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးနှစ်စီးကို လာမယ့်နှစ်ကစပြီး တည်ဆောက်သွားတော့မှာဖြစ်ပါတယ်။ အလုံးစုံတည်ဆောက် ပြီးစီးသွားတာနဲ့ အဲဒီသင်္ဘောကြီးတွေဟာ စွမ်းရည်အထက်မြက်ဆုံး၊ ပြောင်းလွယ် ပြင်လွယ်အဖြစ်ဆုံးနဲ့ ပရော်ဖက်ရှင် နယ်အဆန်ဆုံး ရေတပ်မှာ တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။
အနာဂတ်သင်္ဘောကြီးနှစ်စီးဟာ အမေရိကန်ရဲ့ ၄၂ ကြိမ်မြောက်သမ္မတနဲ့ ၄၃ ကြိမ်မြောက်သမ္မတတို့ရဲ့ နာမည်တွေကို ပထမဦးဆုံးအကြိမ် မှည့်ခေါ်ခဲ့တဲ့ လေယာဉ်တင်သင်္ဘောကြီးတွေဖြစ်ကြောင်း အမေရိကန် ရေတပ်အတွင်းဝန် ကားလို့စ် ဒယ်လ်တိုရိုက ပြောပါတယ်။
“သမ္မတလင်တန်နဲ့ သမ္မတဘုရှ်တို့ဟာ အမေရိကန်သမိုင်းမှာ စိန်ခေါ်မှုတွေ အပြင်းထန်ဆုံးကာလတချို့ကို ဖြတ်သန်းပြီး အမေရိကန်ပြည်ထောင်စုကို ဦးဆောင်ခဲ့သူတွေဖြစ်ပါတယ်။” လို့ ဒယ်လ်တိုရိုက ပြောပါတယ်။
“သူတို့ရဲ့ အမွေအနှစ်တွေက ဒီလေယာဉ်တင်သင်္ဘောကြီးတွေနဲ့အတူ ရေရှည်တည်တံ့ခိုင်မြဲသွားမှာပါ။ ဒီသင်္ဘောကြီး တွေက ကျွန်တော်တို့အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်သလို ဘယ်လိုပုံစံမျိုးနဲ့မဆို ကျွန်တော် တို့ရဲ့ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာမယ့်သူမှန်သမျှကို ဟောဒီတိုင်းပြည် အတွက်ကာကွယ်ဖို့ ချမှတ်ထားတဲ့ ကျွန် တော်တို့ရဲ့ ခိုင်မာပြတ်သားတဲ့သံန္နိဋ္ဌာန်စိတ်ဓာတ်ကို မြှင့်တင်ပေး သွားမယ့် လေးစားအားထားရလောက်တဲ့ လေယာဉ် တင်သင်္ဘောကြီးတွေအဖြစ် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
၂၀၃၀ ပြည့်လွန်နှစ်တွေအတွင်း တည်ဆောက်သွားမှာဖြစ် ကြောင်းခန့်မှန်းထားတဲ့ CVN 82 နဲ့ CVN 83 လေယာဉ်တင် သင်္ဘောကြီးနှစ်စီးကို HII Newport News Shipbuilding က တာဝန်ယူတည်ဆောက်သွားမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်အတွင်းမှာ ဗာဂျီးနီးယားပြည်နယ်အခြေစိုက် အဲဒီ ကုမ္ပဏီထံက ဒုတိယမြောက် Ford-class လေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS John F. Kennedy (CVN 79) ကို အမေရိကန်ရေတပ်က လက်ခံရရှိမှာ ဖြစ်ပါတယ်။
USS Enterprise (CVN-65) နဲ့ Nimitz-class လေယာဉ်တင်သင်္ဘောတွေအပါအဝင် ၁၉၅၀ ပြည့်လွန်နှစ် တွေကတည်း က အသုံးပြုလာတဲ့ အမေရိကန်ရေတပ်ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော တွေကို အစားထိုးဖို့အတွက် Gerald R. Ford စနစ်ခေါ် လေယာဉ်တင်သင်္ဘောတွေကို ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အရှည် ပေ ၁,၁၀၀ (၃၃၅ မီတာ) ရှိတဲ့ Ford-class လေယာဉ်တင်သင်္ဘောဟာ ဂျက်တိုက်လေယာဉ် ၇၅ စင်းကျော်နဲ့ တပ်ဖွဲ့ဝင် ၄,၅၀၀ ကျော်တင်ဆောင်နိုင်ပါတယ်။
Ref: US Names Fifth and Sixth Ford-Class Carriers After Bill Clinton, George W. Bush
#PeopleMedia