• Follow Us on
Latest News

Home မကွေးတက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသူတစ်ဦး ရည်းစားဟောင်းက ဓားဖြင့်ထိုးသဖြင့် သေဆုံး

မကွေးတက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသူတစ်ဦး ရည်းစားဟောင်းက ဓားဖြင့်ထိုးသဖြင့် သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ တောင်တွင်းလမ်းမရှိ မကွေးတက္ကသိုလ် ကျောင်းဝင်းအတွင်းတွင် ဒုတိယ နှစ်ကျောင်းသူတစ်ဦးကို ၎င်း၏ ရည်းစားဟောင်းဖြစ်သူက ဓားဖြင့်ထိုးသောကြောင့် သေဆုံးသွားကြောင်း သိရသည်။

 

ဇန်နဝါရီလ (၈) ရက် နေ့လယ် (၁) နာရီခွဲခန့်က တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်တစ်ခု အနီးတွင် အသက် (၂၁) နှစ်အရွယ်ရှိ သတ္တဗေဒမေဂျာဂုဏ်ထူးတန်း ဒုတိယနှစ်တက်နေသူ မဝိုင်းဆုလှိုင်ကို အသက် (၂၁) နှစ်အရွယ် ကိုဝေဖြိုးအောင်ဆိုသူက ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဓားဖြင့် အထိုးခံရသည့် မဝိုင်းဆုလှိုင်၏ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာဖြင့် အခင်းဖြစ်ပွါးသည့်နေရာတွင် သေ ဆုံးခဲ့ပြီး ရုပ်အလောင်းကို လူမှုကူညီရေးအသင်းကားဖြင့် မကွေးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

မဝိုင်းဆုလှိုင်ကို ဓားဖြင့်ထိုးခဲ့သည့် လူငယ်ကို ကျောင်းမှလုံခြုံရေးများနှင့် ကျောင်းသားများမှ ဝိုင်းဝန်းဖမ်းဆီး ကာ ရဲစခန်းကို ပို့ဆောင်ထားကြောင်း သိရသည်။

 

#PeopleMedia


Share this post