မကွေးမြသလွန် စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ရက်(၂၀) ကြာ ကျင်းပမည်
PUBLISHED - September 2, 2024
နေပြည်တော်၊ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ရက် (၂၀) ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြသလွန်စေတီတော်၏ ဂေါပကအဖွဲ့ထံမှ သိရသည်။
မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် အောက်တိုဘာ (၁၂) ရက်မှ စတင်၍ အောက်တိုဘာ (၃၁) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတော်တွင် ဈေးဆိုင်ခန်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းပွဲတော်တွင် ဈေးရောင်းချလိုသူများ ဇာတ်၊ အငြိမ့်၊ ဘားဆပ်ကပ် တင်ဆက်ကပြလိုသူများအနေဖြင့် စက်တင်ဘာ (၁၅) ရက် နောက်ဆုံးထား၍ မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲထံ ဆက်သွယ်အသိပေးရန် ဂေါပကအဖွဲ့မှ ကြေညာထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာ (၁၂) ရက်အထိ ကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ခဲ့ကြသည်။
#PeopleMedia