• Follow Us on

Home မကွေးမြို့တွင် ဇနီးမောင်နှံနှစ်ဦး စကားများရန်ဖြစ်၍ အမျိုးသားမှ အမျိုးသမီးကို လည်ပင်းညှစ်သတ်

မကွေးမြို့တွင် ဇနီးမောင်နှံနှစ်ဦး စကားများရန်ဖြစ်၍ အမျိုးသားမှ အမျိုးသမီးကို လည်ပင်းညှစ်သတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၆

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်မျိုးနိုင် (၆) လမ်း၊ အမှတ်(၁၃၅) တွင် နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦး စကားများရန်ဖြစ်၍ အမျိုးသားမှ အမျိုးသမီးကို လည်ပင်း ညှစ်သတ်ခဲ့ ကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၅ ရက် နေ့လည် ၃:၃၂ အချိန်တွင် ပြည်သူတစ်ဦးမှ လင်မယားချင်းစကားများရန်ဖြစ်၍ အမျိုး သမီးတစ်ဦးသေဆုံးကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

 

ထိုဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများရောက်ရှိလာပြီး ကျူးလွန်သူမှာ အသက် (၂၆) နှစ်အရွယ်အမျိုးသားဖြစ်ပြီး ၎င်းကိုနယ်မြေခံရဲစခန်းမှ အမှုဖွင့်ထားကြောင်း၊ သေဆုံးသည့် အမျိုးသမီးမှာ အသက် (၂၁) နှစ်ရှိကြောင်း ရုပ် အလောင်းကို မကွေးပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post