• Follow Us on

Home မကွေးမြို့တွင် နေအိမ်မီးလောင်၍ ပိုလီယိုရောဂါသည် ကလေးငယ်တစ်ဦး မီးလောင်၍ သေဆုံး

မကွေးမြို့တွင် နေအိမ်မီးလောင်၍ ပိုလီယိုရောဂါသည် ကလေးငယ်တစ်ဦး မီးလောင်၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ နွားကူးကျေးရွာတွင် နေအိမ်တစ်လုံးမီးလောင်၍ ပိုလီယိုရောဂါ သည့် ကလေးငယ်တစ်ဦး မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။

 

ယနေ့ နေ့လည် ၁:၂၀ အချိန်တွင် နွားကူးကျေးရွာ၊ တောင်တွင်းလမ်းတွင် နေအိမ်တစ်လုံးမီးလောင်ကြောင်း သတင်းရရှိသောကြောင့် မီးသတ်တပ်ဖွဲ့နှင့်ဒေသခံလူမှုကူညီရေးအသင်းတို့ မီးငြိမ်းသတ်ရာ ၁:၃၅ အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း သိရသည်။

 

ထိုမီးလောင်မှုကြောင့် အသက် (၁၄) နှစ်အရွယ် ပိုလီယိုရောဂါခံစားနေရသည့် ကလေးတစ်ဦးမှာ မီးလောင်၍ သေဆုံးသွားကြောင်း၊ ထိုနေအိမ်မှာ မည်သည့်အတွက်ကြောင့် မီးလောင်သည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post