မကွေးမြို့တွင် အလှူပွဲတစ်ခု၌ အမျိုးသားများ ရန်ဖြစ်စကားများရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ သေဆုံး

PUBLISHED - December 5, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ရေခါးကျေးရွာရှိ အလှူပွဲတစ်ခု၌ အမျိုးသားများ ရန်ဖြစ် စကားများရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၃ရက် နေ့လည် (၂) နာရီဝန်းကျင်တွင် ရေခါးကျေးရွာရှိ အလှူပွဲတစ်ခုတွင် ဆိုင်းဝိုင်းများဖြင့် ဧည့်ခံ နေစဉ် တစ်ရွာထဲနေ အမျိုးသားများမှ အချင်းချင်းကခုန်တွန်းမိ၍ ရန်ဖြစ်စကားများခဲ့ကြောင်း သိရသည်။
ကခုန်ရာနေစဉ်အတွင်း တစ်ရွာတည်းနေ ကိုသက်(ခ)သက်ဇော်နိုင်နှင့် ပြည့်ဖြိုးတို့နှစ်ဦးမှ စိုးကြီး(ခ)စိုးမိုး အောင်၊ မြင့်သူ၊ ဟန်ဝင်း၊ သက်ဆွေဦးတို့နှင့် တိုးတိုက်မိရာမှစကားများရန်ဖြစ်ပြီး၊ စိုးကြီး(ခ)စိုးမိုးအောင်မှ ကိုသက်(ခ)သက်ဇော်နိုင်အာင်အား ဓားဖြင့်ထိုးသတ်ခဲ့သောကြောင့် သေဆုံးသွားကြောင်း သိရသည်။
ကျူးလွန်ခံရသူအမျိုးသား၏ ဖခင်ဖြစ်သူမှ မိချောင်းရဲနယ်မြေရဲစခန်းတွင် (ပ)၃၀/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ကျူးလွန်သူအမျိုးသားများမှာ အသက်(၁၈) နှစ်အရွယ် သက်ဇော်ဦး၊ အသက်(၂၂) နှစ်အရွယ် မြင့်သူ၊ အသက်(၂၃) နှစ်အရွယ် နေစိုးကြီး(ခ)စိုးမိုးအောင်၊ အသက်(၃၀) နှစ်အရွယ် သက်ဆွေဦးနှင့် အသက် (၄၅) နှစ်အရွယ် ဟန်ဝင်းတို့ဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia