မကွေးမြို့တွင် ဦးနှောက်ပွင့်ထွက်ပြီး သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

PUBLISHED - September 26, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ နတ်မောက်လမ်း၊ ညောင်ကန်ရွာနှင့် တည်ပင်ကန်ပေါက်ရွာ အကြားတွင် ဦးနှောက်ပွင့်ထွက်ပြီး သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သိရ သည်။
စက်တင်ဘာလ ၂၅ ရက် ည ၁၁:၄၇ အချိန်တွင် အမျိုးသားတစ်ဦး မော်တော်ယာဉ်တိုက်ခံရ၍ သေဆုံးသွား ကြောင်း ရုပ်အလောင်းကို ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်ခံရသည့် အမျိုးသားမှာ ဦးခေါင်းပွင့်ထွက်၍ ခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်းလုံးလည်းပွင့်ထွက်ပြီး ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာတွေလည်း ရရှိထားကြောင်း ရုပ်အလောင်းကို ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း၊ ထိုအမျိူးသားကို တိုက်ပြီးထွက်ပြေးသွားသည့် မော် တော်ယာဉ်မှာ ထွက်ပြေးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia