• Follow Us on

Home မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ ရက်တွင် မကွေးမြသလွန်စေတီတော် မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ မဟာဝိဇယရံသီတန်ဆောင်း၌ ကျင်းပခဲ့သည်။

 

မကွေးမြို့၏ ရှေးဟောင်းသမိုင်းဝင် မကွေးမြသလွန်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာ မပျက် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်နေ့ထိ (၂၄-၁၀-၂၀၂၃) မှ (၁၂-၁၁- ၂၀၂၃)ရက်နေ့အထိ (၂၀)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယခု နှစ်တွင်လည်း ဗုဒ္ဓပူဇနိယပွဲတော်အား မြန်မာ့ရိုးရာ အစားအစာအမျိုးမျိုး၊ လူသုံးကုန်စ္စည်းများနှင့် တောင်သူ သုံးပစ္စည်းအမျိုးမျိုး ၊ ပရိဘောဂ ပစ္စည်းအမျိုးမျိုးနှင့် ဒေသထွက်ကုန်ပစ္စည်းအမျိုးမျိုး စသည်ဖြင့် ဈေးဆိုင်ခန်း ပေါင်း ၆၀၀ ကျော်ဖြင့် ခင်းကျင်းရောင်းချသွားမည်ဖြစ်ကာ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူး မြော်ကြည်ညိုနိုင်ရေးအတွက် အခမဲ့ နားနေဆောင်များ စီစဉ်ထားရှိကြောင်း သိရသည်။

 

ထို့အပြင် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာ အပါး ၁၅၀၀ အား ပင့်ဖိတ်၍ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲနှင့် သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီး ၉၀၀၀ ၊ နံသာ ၉၀၀၀၊ ပန်း ၉၀၀၀ ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သိရ သည်။

 

#PeopleMedia


Share this post