• Follow Us on
Latest News

Home မကွေး-နတ်မောက် ပျော်ဘွယ်ကားလမ်းမကြီးတွင် ယာဉ် (၁) စီး ချောက်ထဲသို့ထိုးကျမှုဖြစ်ပွားပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

မကွေး-နတ်မောက် ပျော်ဘွယ်ကားလမ်းမကြီးတွင် ယာဉ် (၁) စီး ချောက်ထဲသို့ထိုးကျမှုဖြစ်ပွားပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လေးအိမ်ဘူတာကုန်းကျေးရွာ၊ သံလမ်းကွေ့ဇရပ်အနီး၊ မကွေး-နတ်မောက်-ပျော်ဘွယ်ကားလမ်းမကြီးတွင် ယနေ့ နံနက် ၅ နာရီ ၂၀ အချိန်က ယာဉ်(၁)စီးသည် ချောက်ထဲသို့ ထိုးကျမှုဖြစ်ပွားပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

နတ်မောက်မြို့နယ်၊ လေးအိမ်ဘူတာကုန်းကျေးရွာ၊ သံလမ်းကွေ့ဇရပ်အနီး၊ မကွေး-နတ်မောက်-ပျော်ဘွယ် ကားလမ်းမကြီးတွင်  ယာဉ်(၁)စီးသည် ချောက်ထဲသို့ ထိုးကျမှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရတို့အား စိတ်ဓာတ်ဖြူစင် ဂရုဏာရှင်များအသင်းမှ ယာဉ်ဖြင့် နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post