မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား ဓါးဖြင့်ထိုး၍ ပစ္စည်းလုယက်မှုဖြစ်ပွား

PUBLISHED - February 21, 2022
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေမှတ်တိုင်အနောက် ပိုက်လုံးအနီးနားရှိ ရပ်ကွက်တွင် ပြီးခဲ့ သည့်ရက်ပိုင်းက အမျိုးသမီးတစ်ဦးအား ဓါးဖြစ်ထိုး၍ ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့ကြောင်း၊ မင်္ဂလာဒုံမြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေမှတ်တိုင်အနောက် ပိုက်လုံးအနီးနားရှိ ရပ်ကွက် တိုက်ဂါးဘီယာစက်ရုံဘေးနားတွင် အမျိုးသမီးတစ်ဦးအား အမည်မသိသူမှ ဝမ်းဗိုက်အား ဓားဖြင့်ထိုးကာ ပစ္စည်းများ လုယက်သွားခြင်းဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီး ဓါးထိုးခံရကြောင်း လူမှုကယ်ဆယ်ရေးရုံးသို့ ဆက်သွယ်လာသဖြင့် လူနာအား သွားရောက်သယ်ဆောင်ကာ မေဓါဝီဆေးရုံသို့ အချိန်မှီပို့ဆောင်ပေးရန် ဆောင်ရွက်နေသော်လည်း အခင်းဖြစ် သည့်နေရာ၌ပင် အချိန်ကြာနေသည့်အတွက် ဆေးရုံအရောက်တွင် လူနာမှာ သေဆုံးနေပြီဖြစ်ကြောင်း သိရ သည်။
#PeopleMedia
(unicode)
………………………………………………………….
#PeopleMedia