မင်္ဂလာဒုံမြို့နယ်၌ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ
PUBLISHED - October 26, 2021
ရန်ကုန်၊ အောက်တိုဘာ ၂၆ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ယနေ့ အောက်တိုဘာ လ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ကုန်းတလပေါင်းစံပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင် ယနေ့အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မင်္ဂလာဒုံ တပ်ရင်း ၉ ထိပ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်သည် အုပ်ချုပ်ရေးမှူးတာဝန်မှ နုတ်ထွက်ထားသူဖြစ်ပြီး ၎င်းကိုမည် သည့်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်သည်ကိုမူ မသိရှိရသေးပေ။
မင်္ဂလာဒုံမြို့နယ် တပ်နယ်မြေတစ်ခုဖြစ်ပြီး ပထမဆုံးအကြိမ် အုပ်ချုပ်ရေးမှူးအသတ်ခံရခြင်းဖြစ်သည်။
#PeopleMedia #မင်္ဂလာဒုံ #အုပ်ချုပ်ရေးမှူး
(unicode)
မငျ်ဂလာဒုံမွို့နယျ၌ အုပျခြုပျရေးမှူး သနေတျဖွင့ျ ပဈခတျသတျဖွတျခံရ
……………………………………………..
#PeopleMedia #မငျ်ဂလာဒုံ #အုပျခြုပျရေးမှူး