• Follow Us on

Home မင်းကင်းမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ဒေသခံ ၃ ဦး ကျည်ထိမှန်သေဆုံး

မင်းကင်းမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ဒေသခံ ၃ ဦး ကျည်ထိမှန်သေဆုံး

Share this post

မင်းကင်း၊ သြဂုတ် ၁၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အမှတ် ၁ ရပ်ကွက် ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ယနေ့ နေ့လည်ပိုင်းက ဒေသခံ ၃ ဦးကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

 

ယနေ့ နံနက်ပိုင်းက မုံရွာမြို့မှ ထွက်ရှိလာသော အမြန်ရေယာဉ်တစ်စီးသည် ယနေ့ နေ့လည် ၂ နာရီအချိန်က မင်းကမ်းမြို့ဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး ပစ္စည်းများချနေစဉ် အရပ်ဝတ်အင်္ကျီဝတ်ဆင်ထားသည့် အဖွဲ့က လာ ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

“မုံရွာထွက်လာတဲ့ အမြန်ရေယာဉ်တစ်စီးဟာ မင်းကင်းဆိပ်ကမ်းကို ကပ်ပြီး ပစ္စည်းတွေချနေကြတာ။ အဲချိန်မှာ စစ်အရပ်ဝတ်အင်္ကျိဝတ်တဲ့နှစ်ယောက်ကရောက်လာပြီးတော့ သေနတ်နဲ့ပစ်တာ။ အားလုံးကတော့ ရှောင်ရင်းနဲ့ ၃ ယောက်ထိတယ်။ နှစ်ယောက်က ပွဲချင်းပြီးသေတာ။ တစ်ယောက်ကသေတာ။ အဲဒီဒဏ်ရာရတစ်ယောက်က လည်း အခုလေးတင်ဆုံးသွားပြီ။ ၃ယောက်စလုံး သေဆုံးတာ။ သေဆုံးသူသုံးယောက်ထဲက နှစ်ယောက်က အမျိုးသားနဲ့ တစ်ယောက်က ပန်းရောင်းတဲ့အမျိုးသမီးပါ။ သေဆုံးသူ ၃ ယောက်ထဲက ကွမ်းယာဝယ်နေတဲ့ အမျိုးသားတစ်ယောက်ကို Mask တပ်ခိုင်းရာကနေ မတပ်တာကြောင့် ပစ်တာ။ ကျန်တဲ့ဘယ်လိုကြောင့်လည်း ဆိုတာတော့ မသိရသေးဘူး” ဟု  ဒေသခံတစ်ဦးကပြောသည်။

 

ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦးစလုံးမှာ ကျွန်းတော်ကျေးရွာနေ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးနှင့် မင်းစားကျေးရွာနေ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ကျန်သည့်အသက် ၃၀ ကျော် အမျိုးသားတစ်ဦးမှာတော့ နေရပ်မသိရပေ။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘယ်အဖွဲ့အစည်းမှ လာရောက်ပစ်ခတ်ခြင်းကို အတည်ပြုနိုင်ခြင်းမသိရသေးပေ။

 

#PeopleMedia #မင်းကင်းမြို့

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post