မင္းလွတြင္ သစ္ပင္ေပၚက က်ီးကန္းကို ေလေသနတ္နဲ႔ပစ္ရာက က်ီးကန္းအား မထိဘဲ ၃ႏွစ္ အရြယ္ ကေလး တစ္ဦးကို ထိမွန္

PUBLISHED - June 17, 2020
မင္းလွ၊ ဇြန္ ၁၇
မေကြးတိုင္းေဒသႀကီး၊ အထက္မင္းလွၿမိဳ႕ေပၚ ႐ုံးရပ္ေတာင္ပိုင္းရပ္ကြက္အတြင္းပိုင္းတြင္ ၃ ႏွစ္အရြယ္ ကေလး ငယ္တစ္ဦး ငွက္ပစ္ေသာေလေသနတ္က်ည္ထိမွန္ခဲ့မႈ ယခုလ ၁၅ ရက္ ညေနပုိင္းအခ်ိန္က ျဖစ္ပြားခဲ့သည္။
႐ုံးရပ္ေတာင္ပိုင္းရပ္ကြက္ ေနရဲလင္း၏ေနအိမ္တြင္ ၎ရပ္ကြက္ေနထိုင္သူ ဦးသန္းစိုးေအာင္ ၃၁ ႏွစ္က ၎ေနအိမ္ေရွ႕ ကႏၲာရသစ္ပင္ေပၚမွ က်ီးကန္းငွက္အား ေလေသနတ္ျဖင ့္ပစ္ခတ္ရာ ေနအိမ္ႏွင့္ (၁၅) ေပ ခန္႔အကြာရွိ တာေဘာင္ေပၚတြင္မိခင္၏ေပါင္ေပၚ၌ ထိုင္ေနသည့္ ၃ႏွစ္အရြယ္ကေလးငယ္အား ထိမွန္ခဲ့သည္။
ကေလးငယ္သည္ ဝဲဘက္ရင္ၫြန္႔ေအာက္ ေဖာက္ဝင္ဒဏ္ရာရရွိခဲ့သည့္အျပင္ အသက္အႏၲရာယ္ကိုစိုးရိမ္ရ သည့္အေနအထားျဖစ္ေသာေၾကာင့္ မင္းဘူးေဆး႐ုံသို႔ အေရးေပၚပို႔ေဆာင္ေပးခဲ့ၾကသည္။
တရားမဝင္ေလေသနတ္အသုံးျပဳရာက ကေလးငယ္ကို ေသေစႏိုင္ေအာင္အထိ ထိခိုက္ဒဏ္ရာရရွိေစခဲ့သည့္ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဦးသန္းစိုးေအာင္ ၃၁ႏွစ္ကို မင္းလွၿမိဳ႕မရဲစခန္းက ပအမွတ္(ပ)၂၂၇/၂၀၂၀၊ ရာဇသတ္ ႀကီး ပုဒ္မ ၃၃၈ျဖင့္လည္းေကာင္း၊ ပအမွတ္(ပ) ၂၂၈/၂၀၂၀ လက္နက္ဥပေဒ ၁၉(စ)ျဖင့္ အမႈေရးဖြင့္ထား ေၾကာင္း သိရသည္။
#PeopleMedia
(unicode)
မင်းလှတွင် သစ်ပင်ပေါ်က ကျီးကန်းကို လေသေနတ်နဲ့ပစ်ရာက ကျီးကန်းအား မထိဘဲ ၃နှစ် အရွယ် ကလေး တစ်ဦးကို ထိမှန်
………………………………………………
မင်းလှ၊ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့ပေါ် ရုံးရပ်တောင်ပိုင်းရပ်ကွက်အတွင်းပိုင်းတွင် ၃ နှစ်အရွယ် ကလေး ငယ်တစ်ဦး ငှက်ပစ်သောလေသေနတ်ကျည်ထိမှန်ခဲ့မှု ယခုလ ၁၅ ရက် ညနေပိုင်းအချိန်က ဖြစ်ပွားခဲ့သည်။
ရုံးရပ်တောင်ပိုင်းရပ်ကွက် နေရဲလင်း၏နေအိမ်တွင် ၎င်းရပ်ကွက်နေထိုင်သူ ဦးသန်းစိုးအောင် ၃၁ နှစ်က ၎င်းနေအိမ်ရှေ့ ကန္တာရသစ်ပင်ပေါ်မှ ကျီးကန်းငှက်အား လေသေနတ်ဖြင့်ပစ်ခတ်ရာ နေအိမ်နှင့် (၁၅) ပေ ခန့်အကွာရှိ တာဘောင်ပေါ်တွင်မိခင်၏ပေါင်ပေါ်၌ ထိုင်နေသည့် ၃နှစ်အရွယ်ကလေးငယ်အား ထိမှန်ခဲ့သည်။
ကလေးငယ်သည် ဝဲဘက်ရင်ညွန့်အောက် ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည့်အပြင် အသက်အန္တရာယ်ကိုစိုးရိမ်ရ သည့်အနေအထားဖြစ်သောကြောင့် မင်းဘူးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြသည်။
တရားမဝင်လေသေနတ်အသုံးပြုရာက ကလေးငယ်ကို သေစေနိုင်အောင်အထိ ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးသန်းစိုးအောင် ၃၁နှစ်ကို မင်းလှမြို့မရဲစခန်းက ပအမှတ်(ပ)၂၂၇/၂၀၂၀၊ ရာဇသတ် ကြီး ပုဒ်မ ၃၃၈ဖြင့်လည်းကောင်း၊ ပအမှတ်(ပ) ၂၂၈/၂၀၂၀ လက်နက်ဥပဒေ ၁၉(စ)ဖြင့် အမှုရေးဖွင့်ထား ကြောင်း သိရသည်။
#PeopleMedia