မင်းလှမြို့နယ်၌ ဘဂါင်္လီ(၂)ဦး ဖမ်းဆီးရမိ

PUBLISHED - October 14, 2020
မင်းလှ၊ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၌ နိုင်ငံသားအထောက်အထားမပြနိုင်သော ဘဂါင်္လီ(၂)ဦးကို အောက်တိုဘာလ ၁၂ရက် နံနက် ၁၁ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ မင်းလှမြို့နယ်၊ ပနီဆုံကျေးရွာအုပ်စု ဆင်တောင်ချောင်းအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ယင်းစည်ရွာနေထိုင်သူများဖြစ်ကြောင်း ထွက်ချက်ပေးထားသည်။
လက်ရှိအချိန်၌ အဆိုပါနှစ်ဦးကို လက်ပံတံခါးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် Quarantine ထားရှိ စောင့် ကြပ်လျှက်ရှိသည်။
သက်နောင်(မင်းလှ)
#PeopleMedia #မင်းလှမြို့ #ဘင်္ဂါလီ
(unicode)
…………………….