မင်းကင်းမြို့နယ်တွင် PDF အဖွဲ့ဝင်များ စခန်းချထားသည့်နေရာကို တပ်မတော်မှ လေယာဉ်ဖြင့် လာရောက် ပစ်ခတ်
PUBLISHED - February 17, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ပြည်သူ့စစ်ကျေးရွာများကို တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးနေသည့် PDF အဖွဲ့ဝင်များ စခန်းချထားသည့် နေရာကို တပ်မတော်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
PDF အဖွဲ့ဝင်များ နေရာယူထားသည့် တင်ဘက်ရွာနှင့် ကူလဲရွာကြားရှိ ဝက်ကျခင်တောင်ကုန်းနှင့် ကျွန်းကုန်း ကျေးရွာကို ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက် နံနက်ပိုင်းက တပ်မတော်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။
ယင်းသို့ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိပြီး လက်ရှိတွင် သေဆုံးသွား သည့် PDF အဖွဲ့ဝင်များ၏ အလောင်းများကို ကောက်ယူနေကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
“အခု မနက်ပိုင်းကတော့ လေယာဉ်နဲ့ နှစ်ချက်လာပစ်သွားတယ်။ PDF ဘက်က သေတဲ့သူတွေ ကောက်နေ တယ်လို့တော့ သိရတယ်။ သူတို့က ကူလဲနဲ့ တင်ဘက်ကြားက ဝက်ကျခင်တောင်ကုန်းမှာ နေရာယူထားတာ။ အဲနေရာကို တစ်ချက်ပစ်သွားတယ်။ ကျွန်းကုန်းကို တစ်ချက်လာပစ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြော သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၂) ရက်က မင်းကင်းမြို့နယ်ရှိ ပြည်သူ့စစ်ကျေးရွာဖြစ်သည့် ကူလဲရွာကို PDF အဖွဲ့ ဝင်များမှ တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းရှိ ပစ္စည်းများကို ဖောကားများဖြင့် သယ်ဆောင်ကာ ကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့သည်။
#PeopleMedia