မင်းကင်းမြို့နယ်တွင် PDF အဖွဲ့ဝင်များမှ တောင်ယာလုပ်ကိုင်နေသည့် ပြည်သူသုံးဦးအနက် တစ်ဦးကို သတ် ဖြတ်ကာ နှစ်ဦးကို နွားများနှင့်အတူ ဖမ်းဆီးသွား
PUBLISHED - September 23, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာအနီးတွင် တောင်ယာလုပ်ကိုင်နေသည့် ပြည်သူ သုံးဦးအနက် တစ်ဦးကို PDF အဖွဲ့ဝင်များမှ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ကာ ကျန်နှစ်ဦးနှင့်အတူ နွား များကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စက်တင်ဘာလ (၂၁)ရက် နံနက် (၉)နာရီခန့်က ကျောက်ခဲတက်ကျေးရွာတွင် နေထိုင်သူများဖြစ်သည့် ကို မောင်စိုး (၁၉)နှစ်၊ ကိုအောင်မျိုးထွန်း (၂၅)နှစ်နှင့် ကိုထွေးမင်းဇော် (၂၅)နှစ်တို့ သုံးဦးသည် ယင်းကျေးရွာ၏ တောင်ဘက် (၁)မိုင်ခန့်အကွာရှိ ယာခင်းအတွင်း တောင်ယာလုပ်ကိုင်နေသည်။
ထိုသို့ လုပ်ကိုင်နေစဉ် PDF အဖွဲ့ဝင်များ ရောက်ရှိလာပြီး ကိုအောင်မျိုးထွန်းအား ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ် သတ်ဖြတ်ကာ ကိုထွေးမင်းဇော်နှင့် ကိုမောင်စိုးတို့ နှစ်ဦးအား တောင်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် ခိုင်းစေ အသုံးပြုသော နွား (၆)ကောင်နှင့်အတူ သင်တောကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဓားဖြင့် ထိုးခုတ်ခံရမှုကြောင့် ကိုအောင်မျိုးထွန်းတွင် လည်ပင်း လှီးဖြတ်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ (၃)ချက်နှင့် ဝဲလက်ခလယ်ကျိုးဒဏ်ရာ (၁)ချက်တို့ ရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေ ဆုံးခဲ့ကြောင်း သိရသည်။
#PeopleMedia