• Follow Us on

Home မင်းကင်းမြို့နယ်ရှိ ပြည်သူ့စစ်ကျေးရွာများကို PDF အဖွဲ့ဝင်များမှ တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးနေ

မင်းကင်းမြို့နယ်ရှိ ပြည်သူ့စစ်ကျေးရွာများကို PDF အဖွဲ့ဝင်များမှ တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးနေ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ ပြည်သူ့စစ်ကျေးရွာများကို PDF အဖွဲ့ဝင်များမှ တိုက်ခိုက်နေပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် တပ်မတော်အနေဖြင့် လေကြောင်းဖြင့် တပ်ကူများစေလွှတ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

 

ဖေဖော်ဝါရီလ (၁၂)ရက်က မင်းကင်းမြို့ တောင်ဘက် (၅)မိုင်ခန့်အကွာရှိ ကူလဲရွာကို PDF အဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ပြီး လူအင်အား၊ လက်နက်အင်အား မမျှသဖြင့် ကူလဲကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပြည်သူများသည် တင်ဘက်ကျေးရွာဘက်သို့ ဆုတ်ခွါခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

“ကံကျေးရွာ၊ အင်ကြင်းတောင်ရွာ၊ ကူလဲရွာ တိုက်ခိုက်ခံရပြီး ပျက်စီးသွားပြီ။ အခုအချိန်မှာ PDF တွေက ကူလဲရွာကို ဝင်ပြီး ရွာအတွင်းက အိမ်တွေက ပစ္စည်းတွေကို ဖောကားတွေနဲ့တိုက်ပြီး သယ်နေတယ်။

 

သယ်ပြီးလို့ ဘာမှ မရှိတော့တဲ့အိမ်တွေကိုကျ သူတို့ မီးတွေရှို့နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ကူလဲကျေးရွာဘက်သို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက သွားရောက်ခဲ့သော်လည်း PDF အဖွဲ့ဝင်များမှ လက်နက် ကြီးများ၊ ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်နေခြင်းကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရကြောင်း သိရသည်။

 

လာမည့် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် တင်ဘက်ကျေးရွာကို တိုက်ခိုက်ပြီးနောက် မင်းကင်းမြို့ကို ထပ်မံ တိုက်ခိုက်မည်ဟု PDF အဖွဲ့ဝင်များမှ ကြွေးကြော်ထားသည်။

 

လက်ရှိအချိန်တွင် PDF အဖွဲ့ဝင်များသည် တင်ဘက်ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ပွင့်လျက်ကျေးရွာ၊ တင်ဘက်ကျေးရွာ၏ အရှေ့ဘက် အောက်စသာကျေးရွာ၊ တင်ဘက်ကျေးရွာနှင့် ကူလဲရွာကြားရှိ ဝက်ကျခင် တောင်ကုန်း စသည့် နေရာများမှ တင်ဘက်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

 

#PeopleMedia


Share this post