• Follow Us on
Latest News

Home မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာကြားရှိ ရထားလမ်းအား PDF က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာကြားရှိ ရထားလမ်းအား PDF က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာအကြား၊ မိုင်တိုင်အမှတ်၊ ၃၅၃/၃ နှင့် ၄ အကြား၊ တံတားအမှတ် (၇၃၆) အနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက် ဆီးထားခြင်းကြောင့် တံတားချဉ်းကပ်လမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများပျက်စီးပြီး သံလမ်းများနေရာ ရွေ့နေမှု ကြောင့် မင်းစုနှင့် ကျောက်ဆည်ကြား ရထားလမ်းပိုင်းများအား ခေတ္တပိတ်ထားရသဖြင့် အမှတ်(၅) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် မြစ်သားဘူတာသို့ ယမန်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ ရပ်တန့်ထားခဲ့ရကြောင်း သိရသည်။

 

အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ သွား ရောက်ကာ နယ်မြေလုံခြုံရေးနှင့်မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများက လမ်း ပိုင်းအား စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး အစုန်လမ်းအားပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ အမှတ်(၅) အဆန်လူစီးအမြန်ရထားသည် မြစ်သားဘူတာမှ နံနက် ၉ နာရီ ၁၀ မိနစ်၌ ဆက်လက်ထွက်ခွာနိုင်ခဲ့ကြောင်း၊ ဘူတာ၌ ရပ်တန့် ထားရမှုကြောင့် ရထားစီးခရီးသည်များ ခေတ္တအချိန်ကြန့်ကြာမှု ကြုံတွေ့ခဲ့ရကြောင်းနှင့် လမ်းပိုင်းပျက်စီးမှုကို အချိန်နှင့် တပြေးညီ ပြန်လည်ပြုပြင်ပြီး ရထားခရီးစဉ်များပုံမှန် ပြေးဆွဲပေးလျက်ရှိ ကြောင်း သိရသည်။

 

အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း မိုင်းထောင်မိုင်းခွဲခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း(၄၆)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ အားမီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post