မင်းပြားမြို့နယ်ရှိ AA အဖွဲ့ထံ ငွေကြေးလှူဒါန်းခဲ့သည့် ရခိုင်အဆိုတော် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရ
PUBLISHED - October 11, 2024
ရန်ကုန်၊ အောက်တိုဘာ ၁၁
ရန်ကုန်တိုင်း၊ တာမွေမြို့၌ နေထိုင်သည့် ရခိုင်-မြန်မာ အဆိုတော် ဒေါ်သန်းသန်းဝင်(ခ)ဆုမြတ်ထက်သည် မင်းပြားမြို့နယ်ရှိ AA အဖွဲ့ထံ ငွေကြေးလှူဒါန်းခဲ့မှုကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံ ထားရကြောင်း ကနဦး သိရှိရသည်။
ဒေါ်သန်းသန်းဝင်(ခ)ဆုမြတ်ထက်ကို တာဝန်ရှိသူများက အောက်တိုဘာ ၇ ရက်နေ့၌ ၎င်း၏ နေအိမ်မှ စစ်ဆေးရန် ခေါ်ဆောင်သွားခဲ့သည်။ ထို့အတူ ဒေါ်သန်းသန်းဝင်(ခ)ဆုမြတ်ထက်၏ ဘဏ်စာအုပ်ကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဒေါ်သန်းသန်းဝင်(ခ)ဆုမြတ်ထက်သည် ရေဘေးကူညီရေး အကြောင်းပြုပြီး ပြည်တွင်းပြည်ပမှ လှူဒါန်းငွေများ ကို မင်းပြားမြို့နယ်၊ ဖုံသာချောင်းကျေးရွာအုပ်စုရှိ နတ်ကံဘဲ့ရွာ၊ သရဖူရွာသစ်၊ သရဖူရွာဟောင်း၊ ကျွဲနဖူးရွာ၊ နတ်ကံပြင်ရွာရှိ AA အဖွဲ့နဲ့ ဆက်စပ်သူများထံ လှူဒါန်းခဲ့သည်။
ဆုမြတ်ထက်သည် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဇာတိဖြစ်ပြီး ရခိုင်အဆိုတော်တစ်ဦး ဖြစ်သည်။
#PeopleMedia