• Follow Us on
Latest News

Home မင်းဘူး(စကု)မြို့နယ် မြေနိမ့်ပိုင်းကျေးရွာအချို့ကို ဧရာဝတီမြစ်ရေဝင်ရောက်လာ၍ လူဦးရေ ၁၄၀ ကျော်အား ယာယီပြောင်းရွှေ့ပေးထား

မင်းဘူး(စကု)မြို့နယ် မြေနိမ့်ပိုင်းကျေးရွာအချို့ကို ဧရာဝတီမြစ်ရေဝင်ရောက်လာ၍ လူဦးရေ ၁၄၀ ကျော်အား ယာယီပြောင်းရွှေ့ပေးထား

Share this post

နေပြည်တော်၊ ဩဂုတ် ၂၄

 

မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြေနိမ့်ပိုင်းကျေးရွာအချို့ မြစ်ရေများ စတင်ဝင်ရောက်လာ၍ လူဦးရေ ၁၄၀ ကျော်အား ယာယီပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မန်းကျိုးကျေးရွာအုပ်စု၊ ထုံမကြီးကျေးရွာမှ အိမ် ထောင်စုပေါင်း (၆၀)စု၊ လူဦးရေ (၁၁၀)ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို ရေဘေးလွတ်ရာ ကျောက်ကုန်းနှင့် သံကန်တန်း(၇) နေရာများတွင်လည်းကောင်း၊ ထောက်ရှာပင်ကျေးရွာအုပ်စု၊ တပင်ရွာမှ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၅)ဦးအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင်လည်းကောင်း ယာယီပြောင်းရွှေ့ပေးထားကြောင်း သိ ရသည်။

 

ထို့အပြင် မြစ်ရေဝင်ရောက်မှုကြောင့် ထုံးမကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်းနှင့် နိဗ္ဗာန်ကျွန်း ကျေးရွာမှ အခြေခံပညာအလယ်တန်းကျောင်းများကို မြစ်ရေကျသည့်အချိန်ထိ ယာယီပိတ်ထားရကြောင်း သိရသည်။

 

မြစ်ရေဝင်ရောက်မှုများကြောင့် ယာယီပြောင်းရွှေ့ခဲ့ရသည့် ထုံးမကြီးကျေးရွာမှ ရေဘေးသင့် အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေများကို ဩဂုတ် ၂၂ ရက်က ပေတောကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေဘေးသင့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက တစ်ဦးလျှင် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ၂၃၁၀၀၀ ကျပ်နှင့် နှာခေါင်းစည်း (Mask)များကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post