• Follow Us on

Home မင်းဘူးမြို့၊ သာသနာ့ဗိမာန်တော်ဆောက်လုပ်နေမှုအခြေအနေများအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု စစ်ဆေး

မင်းဘူးမြို့၊ သာသနာ့ဗိမာန်တော်ဆောက်လုပ်နေမှုအခြေအနေများအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု စစ်ဆေး

Share this post

နေပြည်တော်၊ မေ ၂၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် အဖွဲ့ဝင်များလိုက်ပါ၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ သာသနာ့ဗိမာန်တော် ဆောက်လုပ်နေမှုအခြေအနေများကို ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် သာသနာ့ ဗိမာန်တော်အတွင်း လှည့်လည်ကြည့်ရှုကြပြီး ဗိမာန်တော်အပေါ်ထပ်ရှိ ခန်းမဆောင်၌ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦးက သာသနာ့ဗိမာန်ဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မင်းဘူးမြို့ကျက်သရေဆောင် ရှင်ပင်စက္ကိန်းတဲစေတီတော်သို့ ရောက်ရှိဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းကာ လက်ယာ ရစ်လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မကွေးမြို့ ကျက်သရေဆောင် မြသလွန်စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြသည်။ ယင်းနောက် စေတီ တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။

 

#PeopleMedia


Share this post