• Follow Us on
Latest News

Home မင်းလှနှင့် ရေတာရှည်တွင် PDF သတ်ဖြတ်မှုကြောင့် အမျိုးသား ၃ ဦး သေဆုံး

မင်းလှနှင့် ရေတာရှည်တွင် PDF သတ်ဖြတ်မှုကြောင့် အမျိုးသား ၃ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇူလိုင် ၂၂

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နှင့် ရေတာရှည်မြို့နယ်၊ PDF အမည်ခံ အကြမ်းဖက်သမား သတ်ဖြတ်မှု ကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မင်းလှမြို့နယ်၊ ဇရစ်ချောင်းကျေးရွာနေ ဦးအောင်မြင့်ဦး (၄၉)နှစ်သည် မင်းလှမြို့မှ ၎င်း၏နေအိမ်သို့ မင်းလှ-ဇရစ်ချောင်းသွားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဇရစ်ချောင်းကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် နောက်မှ မောင်းနှင်လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်မြင့်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ထို့နောက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာနေ ဦးကျော်မင်းအောင်(၃၉)နှစ်သည် ၎င်း၏နေအိမ်မှ ရှားဖြူကွင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် မြန်မာစီကွကျေးရွာနှင့် ရှားဖြူကွင်းကျေးရွာချင်းဆက် လမ်းပေါ်အရောက် PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်မင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ထပ်မံသေဆုံးသွား ခဲ့ကြောင်း သိရသည်။

 

အလားတူ ညနေ ၅ နာရီတွင် ရေတာရှည်မြို့နယ်၊ ဒေါင့်အင်းကုန်း ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးရဲလင်း အောင် (၃၆)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၉ ဦးက ဆိုင်ကယ် ၅စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးရဲလင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post