မင်းလှမြို့တွင် ဇနီးမောင်နှံနှစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်
PUBLISHED - August 18, 2023
နေပြည်တော်၊ သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ ပျဉ်းကတိုးခင်းကျေးရွာတွင်နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် PDF များမှ ပျဉ်းကတိုးခင်းကျေးရွာရှိ ဦးအေးလွင်ဦး၏ နေအိမ်ဈေးဆိုင်သို့ ရောက်ရှိလာပြီး ထိုဈေးဆိုင်တွင်အတူရှိနေသည့် ဦးအေးလွင်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်းတို့ကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ထိုသေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးအေးလွင်ဦး၏ ဘယ်ဘက်နားထင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဇနီး ဖြစ်သူ ဒေါ်စန်းစန်းဝင်၏ ဘယ်ဘက်နားဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မျက်လုံးနှစ်ဖက်ညိုမဲဒဏ်ရာ ၂ ချက် နှင့် နှာခေါင်းသွေးထွက်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး သေဆုံးသွားကြောင်း၊ ရုပ်အလောင်းများကို မင်းလှ မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia