• Follow Us on
Latest News

Home မင်းလှမြို့တွင် ဈေးဝယ်ပြီးပြန်လာသည့် ရစဖမှူးတစ်ဦး သေနတ်ပစ်ခံရ၍ ဒဏ်ရာရ

မင်းလှမြို့တွင် ဈေးဝယ်ပြီးပြန်လာသည့် ရစဖမှူးတစ်ဦး သေနတ်ပစ်ခံရ၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၉

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ကြိုကုန်း (၂) ကျေးရွာအရောက်တွင် မော်တော်ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီးပြန်လာသည့် ရစဖမှူးတစ်ဦး သေနတ်ပစ်ခံရ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၃ နာရီကျော်တွင် ရစဖမှူးတစ်ဦးမှာ စစ်ကွင်းမြို့မှ ဈေးဝယ်ပြီး ဝက်လှကလေး ကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကြိုကုန်း (၂) ကျေးရွာအရောက်တွင် ထိုမော်တော်ဆိုင်က ယ်ဖြင့် မျက်နှာချင်းဆိုင်မောင်းနှင်လာသည့် PDF များမှ ထိုရစဖမှူးကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရ သည်။

 

သေနတ်ပစ်ခတ်ခံရမူကြောင့် အသက် (၅၅) နှစ်အရွယ် ရစဖမှူး ဦးဇော်လွင်မှာ ဘယ်ဘက်ပါးတွင် မစိုးရိမ်ရ သည့် ဒဏ်ရာရရှိ၍ စစ်ကွင်းတိုက်နယ်ဆေးရုံတွင် ပို့ဆောင်ထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post